Sunday, February 10, 2013

ပြည်ထောင်စုနေ့အထိမ်းအမှတ် တိုင်းရင်းသားရိုးရာဝတ်စုံများ ရောင်းချမည်

0 comments
ဖေဖော်ဝါရီ(၁၀)

ဖေဖော်ဝါရီလ ၁၂ရက်နေ့တွင်ကျရောက်မည့် ပြည်ထောင်စုနေ့ အထိမ်းအမှတ်ကိုဂုဏ်ပြုသည့် အနေဖြင့် တိုင်းရင်းသားရိုးရား
ဝတ်စုံများကို ရောင်းချရန် နှင့် ဖျော်ဖြေရေးအစီအစဉ်များကို
ပြုလုပ်ရန်စီစဉ်ထားကြောင်းသိရသည်။

“အဓိကကတော့ ပြည်ထောင်စုနေ့ ဆိုတဲ့အတိုင်း တိုင်းရင်းသားတွေ အားလုံးချစ်ချစ်ခင်ခင် စည်းစည်းလုံးလုံးနဲ့  ကိုယ်နဲ့သတ်ဆိုင်ရာ တိုင်းရင်းသားရိုးရာဝတ်စုံတွေ၊ ဓလေ့တွေ ၊ ယဉ်ကျေးမှုတွေ ကိုတစ်နေရာတည်းမှာဖော်ပြစေချင်တယ်၊ ရှိနေစေချင်တဲ့ သဘောနဲ့ စီစဉ်ခြင်းဖြစ်ပါတယ်”ဟုစိမ်းလန်းစိုပြေကုမ္ပဏီမှ မန်နေဂျာ ကိုရန်နိုင်က
ပြောကြားသည်။

အဆိုပါ တိုင်းရင်းသားရိုးရာ ၀တ်စုံရောင်းချပွဲတွင် ကချင်၊ ကယား၊
ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းဟူသော မြန်မာနိုင်ငံ တိုင်းရင်းသား လူမျိုးစုရှစ်ခုကို ကိုယ်စားပြုသော ဆိုင်ခန်း ၈ခန်းကို သက်ဆိုင်ရာ တိုင်းရင်းသားများမှ ရိုးရာဝတ်စုံ နှင့် ရိုးရာအစားအသောက် ဆိုင်ခန်းများ ဖွင့်လှစ် ပြသမည်ဖြစ်ကြောင်း ၊ကလေးငယ်များကိုတိုင်းရင်းသားစုံတွဲ ၀တ်စုံများဝတ်ဆင် သရုပ်ပြခြင်းများ၊ တိုင်းရင်းသား ရိုးရာအကများဖြင့်
ဖျော်ဖြေခြင်းများကို ပြုလုပ်ရန်စီစဉ်ထားရှိကြောင်းသိရသည်။

“ဒီပွဲလေးကို တိုင်းရင်းသားရေးရာဝန်ကြီးတွေ နဲ့  သံရုံးတွေကို ဖိတ်ထားပါတယ်။ ဒါပေမယ့် တိုင်းရင်းသား ၀န်ကြီးတွေက ဒီနှစ် နေပြည်တော်မှာ နိုင်ငံတော်ပွဲရှိနေတော့ တတ်နိုင်မယ် မထင်ဘူး၊ ဒေသဆိုင်ရာခေါင်းဆောင်တွေတော့တတ်မယ်။
သံရုံးတွေကို ဖိတ်တာကလည်း မြန်မာနိုင်ငံရဲ့  ပြည်ထောင်စုနေ့ မှာတိုင်းရင်းသားတွေ အကြောင်း တစ်နေရာတည်းမှာေ လ့လာ
နိုင်အောင်ပါ” ဟုမန်နေဂျာကိုရန်နိုင်ကပြောကြားသည်။

အဆိုပါ ပြည်ထောင်စုနေ့ အခမ်းအနားတွင် တိုင်းရင်းသားဝတ်စုံ
နှင့် တိုင်းရင်းသား အစားအစာရောင်းချမှုများကို မနက်(၈)နာရီတွင် စတင်မည်ဖြစ်ပြီး ၊ ညနေ (၄)နာရီမှ စတင်ညကာ တိုင်းရင်းသား အကတေးဂီတများဖြင့် ဖျော်ဖြေမည်ဖြစ်ကြောင်း သိရသည်။

ဆုဝေ
ဓာတ်ပုံ - ဖြိုးသီဟ
The Myanma Age
ပြည်ထောင်စုနေ့အထိမ်းအမှတ် တိုင်းရင်းသားရိုးရာဝတ်စုံများ
ရောင်းချမည်

Leave a Reply

Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here