Saturday, February 23, 2013

လားရှိုးမြို့၊ ရပ်ကွက် ၁၀ တွင် မီးလောင်

0 comments
ဖေဖော်ဝါရီ(၂၃)


ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ညနေပိုင်းတွင် မီးဖိုမှတစ်ဆင့် အိမ်ဝါးထရံအား မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

လားရှိုးမြို့၊ ရပ်ကွက် ၁၀၊ နယ်မြေ (၂) ရှိ အိမ်အမှတ်(၂၃၀)တွင် မိဘများတောင်ယာ အလုပ်သွားစဉ် သားဖြစ်သူ မောင်လီကိုင် (၂၂) နှစ်မှ ထမင်းအိုးတည်စဉ် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ မီးလောင်ကျွမ်းသည့်နေအိမ်သို့ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မီးသတ်ကား ၅ စီး၊ အမှတ် (၂) ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်ရှိပြည်သူ များမှ ၀ိုင်းဝန်းမီးငြိမ်းသတ်ခဲ့သောကြောင့် အိမ်တစ်လုံးသာ ဆုံးရှုံး သွားခဲ့သည်။ မီးလောင်ကျွမ်းမှုကြောင့် နေအိမ်အတွင်းရှိ အိမ်သုံးပစ္စည်းများနှင့် တီနာအမျိုးအစား ဆိုင်ကယ်တစ်စီး ပျက်စီးသွားခဲ့ပြီး ကာလတန်ဖိုး သိန်း(၂၀)ကျော် ဆုံးရှုံးခဲ့ကြောင်း သိရသည်။

မီးပေါ့ဆစွာသုံးစွဲသော မောင်လီကိုင်အား လားရှိုးအမှတ် (၂) ရဲစခန်းမှ (ပ)၂၀/၂၀၁၃ ပြစ်မှုပုဒ်မ ၂၈၅  ဖြင့် အမှုဖွင့်အရေးယူထားကြောင်းသိရသည်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here