Saturday, February 23, 2013

မြေယာဥပဒေလုပ်ထုံးလုပ်နည်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ။

0 comments
ဖေဖော်ဝါရီ(၂၃)

မြေယာဥပဒေလုပ်ထုံးလုပ်နည်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့  (၂၂) ရက် သောကြာနေ့ နံနက် (၉) နာရီတွင် တောင်ကြီးမြို့ လောကမာန်အောင်ဘုန်းကြီးကျောင်းတွင် ကျင်းပပြုလုပ်ကြောင်းနှင့် ပင်လုံ/ဆီဆိုင်/ဟတ်ကယ်/ရွာငံ/ကျောက်နီ ကျေးရွာ နှင့် ပအိုဝ်ဒေသမှ တိုင်းရင်းသားတောင်သူများ (၈၀) ဦးခန့် တက်ရောက်ကြောင်း သိရပါသည်။




အဆိုပါ အလုပ်ရုံဆွေးနွေးပွဲ ကို ရှမ်းပြည်မျိုးဆက်အင်အားစုမှ ဦးစီးကျင်းပပြီး မြေယာဥပဒေများကို ဒေသတွင်းရှိ တိုင်းရင်းသားပြည်သူများ သိရှိနားလည်စေရန် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ကြောင်း သိရှိရပါသည်။

တောင်ကြီးမြို့တွင် (၂၂) ရက်မှ (၂၃) ရက် ထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး၊ (၂၆) ရက်မှ (၂၇) ရက်နေ့ထိ အင်းလေးဒေသ မိုင်းသောက်ကျေးရွာ၌လည်း အလားတူ ဆွေးနွေးပွဲ ကျင်းပမည် ဖြစ်ကြောင်း ရှမ်းပြည်မျိုးဆက်အင်အားစုမှ ကိုညီညီမိုးက ပြောကြားခဲ့ပါသည်။ 

(သတင်း/ဓါတ်ပုံ - စိုင်းလျှံ)။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here