Wednesday, February 27, 2013

နှစ်ပေါင်းများစွာ လုပ်သင့်သည်ကို မလုပ်သည့်အတွက်ဒီမိုကရေစီ အဆောက်အုံမခိုင်မာသေးခြင်းဖြစ်သည်ဟု ဒေါ်စုဆို

0 comments
ဖေဖော်ဝါရီ(၂၇)
Photo: နှစ်ပေါင်းများစွာ လုပ်သင့်သည်ကို မလုပ်သည့်အတွက်ဒီမိုကရေစီ
အဆောက်အုံမခိုင်မာသေးခြင်းဖြစ်သည်ဟု ဒေါ်စုဆို

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇။

ယခင် နှစ်ပေါင်းများစွာကတည်းက တည်တံ့ခိုင်မြဲသည့် တိုင်းရင်းသား
ပြည်ထောင်စုကြီးကို မထူထောင်ခဲ့သည့် အတွက် ယခုအချိန်တွင် တိုင်း
ရင်းသားပြည်သူများ လိုချင်နေသော ဒီမိုကရေစီ ပြည်ထောင်စု အဆောက်
အအုံသည် မခိုင်မာသေးခြင်းဖြစ်ကြောင်း ယမန်နေ့က ဒေါ်အောင်ဆန်းစု
ကြည်က ပြောကြားလိုက်သည်။

ယခု ဒီမိုကရေစီ ဖော်ဆောင်နေသည့် အချိန်တွင် တိုင်းရင်းသားပြည်သူများ
အနေဖြင့် အစိုးရတစ်ခုတည်းတွင် တာဝန်ရှိသည်ဟု မယူဆဘဲ ဒီမိုကရေစိတ်
ဓါတ်ဖြစ်သည့် ကိုယ့်ကိုကိုယ်အားကိုးရမည့် စိတ်ဓါတ်ဖြင့် ဆောင်ရွက်ရန်
လိုအပ်ကြောင်း ပြောကြားသည်။

"အစိုးရကိုဘဲ အားကိုးတယ်ဆိုတာ ကျွန်မပြောချင်တာကတော့ ဒီမိုကရေစီ
စိတ်ဓါတ်မဟုတ်ပါဘူး။ ဒီမိုကရေစီ စိတ်ဓါတ်ဆိုတာ ပြည်သူလူထုက ကိုယ့်ကိုကိုယ်အားကိုးရမယ့် စိတ်ဓါတ်ဖြစ်ပါတယ်" ဟု ဒေါ်စုက ပြောကြား
သည်။

ဆက်လက်ပြီး"ပြည်ထောင်စု ထူထောင်နိုင်ဖို့ဆိုတာဟာ ကျွန်မတို့ အားလုံးမှာတာဝန်ရှိသလို မနက်ဖြန်မနက်ခါမှ လုပ်ရမယ့် အလုပ်မဟုတ်
ပါဘူး။ ဒီနေ့စပြီးလုပ်ရမှာကြောင့်လည်းမဟုတ်ဘူး။ တကယ်တော့
နှစ်ပေါင်းများစွာ စပြီး လုပ်ခဲ့ရမှာပါ" ဟုဆိုသည်။

အဆိုပါကိစ္စများနှင့် ဆက်လျဉ်းပြီး မွန်အမျိုးသားနေ့ ဖြစ်မြောက်ရေး
ကော်မတီ ဥက္ကဌက "စစ်မှန်တဲ့ ပြည်ထောင်စု ဖြစ်ဖို့အတွက် အစိုးရအနေနဲ့လည်း တိုင်းရင်းသားတွေရဲ့ အခွင့်အရေးကို ပေးသင့်ပါတယ်" ဟုတိုက်တွန်းပြောဆိုသည်။

တိုင်းရင်းသားညီညွှတ်ရေး ရရန်အတွက် မှန်ကန်သောနည်းလမ်း၊ ဖြောင့်မတ်
သော စိတ်ဓါတ်များဖြင့်သာ စစ်မှန်သည့် ပြည်ထောင်စုကို ထူထောင်နိုင်မည်
ဖြစ်ကြောင်းနှင့် အခြေခံအားဖြင့် ရိုးသားသော စိတ်ဓါတ်ဖြင့် လုပ်ဆောင်ရန်
လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောဆိုခဲ့သည်။

စူးရှ

the myanmar age

Leave a Reply

Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here