Sunday, February 10, 2013

မန္တလေးမြို့တွင် ငွေစက္ကူအတု တစ်သိန်းခွဲလျင် ငွေစက္ကူအစစ် တစ်သိန်းဖြင့် လဲလှယ်ပေးသည့်သူအား ဖမ်းဆီးရမိ

0 comments
ဖေဖော်ဝါရီ(၁၀)


မန္တလေးမြို့တွင် ငွေစက္ကူအတု တစ်သိန်းခွဲလျင် ငွေစက္ကူအစစ် တစ်သိန်းဖြင့် လဲလှယ်ပေးသည့်သူအား ဖမ်းဆီး ရမိခဲ့ကြောင်း မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရှိရပါသည်။

ငွေစက္ကူအတု လဲလှယ်ပေးသည့်သူအား ဖမ်းဆီးမှုနှင့် ပတ်သက်ပြီး ၂၀၁၃ခုနှစ် ဖေဖော်ဝါရီလ ၂ရက်နေ့ ည၉နာ ရီခွဲ အချိန်ခန့် အမှတ်(၉)ရဲစခန်းမှ နယ်ထိန်းအရာရှိနဲ့အဖွဲ့ နယ်မြေအတွင်း သတင်းစုံစမ်းနေစဉ် မဟာအောင်မြေမြို့နယ်၊ ရွှေဘုန်းရှိန် ရပ်ကွက်အတွင်း ငွေစက္ကူ ၅၀၀၀ တန်၊ ၁၀၀၀ တန်များအား စည်သူ ဆိုသူမှ ငွေစက္ကူအတု ကျပ်တစ်သိန်းခွဲလျင် ငွေစက္ကူအစစ် ကျပ်တစ်သိန်းဖြင့် လဲလှယ်ပေးနေကြောင်း သ တင်း ရရှိခဲ့ပြီး၊  ဖေဖော်ဝါရီလ ၆ရက်နေ့ နေ့လယ် ၁၂နာရီ ၁၀မိနစ်အချိန် ဒုရဲအုပ်မျိုးမင်းကြူနှင့်အဖွဲ့မှ သက်သေ များနှင့်အတူ အသွင်ယူကာ ငွေစက္ကူလဲလှယ်ပေးသည့် စည်သူ(ခ)စည်သူမြင့်အား မြို့တော် ဥယျာ ဉ်ရှေ့ တွင် ချိန်းဆိုဆက်သွယ်ခဲ့ကြောင်း သိရသည်။ စည်သူ(ခ)စည်သူမြင့်ပါ နှစ်ဦးသည် 125 ကန်ဘို ဆိုင်ကယ်ဖြင့် ရောက်ရှိလာသဖြင့် စစ်မေးရာမှ စည်သူ(ခ)စည် သူမြင့် ၂၇နှစ် လွယ်ထားသော ဘေး လွယ် အိတ်အတွင်းမှ ငွေစက္ကူအတုဟု ယူဆရသော ၅၀၀၀တန်တစ်ရွက် ၁၀၀၀တန် (၁၂၆) ရွက်တို့ အား သိမ်းဆည်းရမိခဲ့သဖြင့် ပြစ်မှုပုဒ်မ ၄၈၉ (ခ)အရ အမှတ်(၉)ရဲစခန်းမှ (ပ)၈၄ /၂၀၁၃ဖြင့် အမှုဖွင့် အရေး ယူ ခဲ့ ကြောင်း သိရှိရသည်။

အဆိုပါ ငွေစက္ကူအတုများနှင့် ပတ်သက်ပြီး စည်သူ(ခ)စည်သူမြင့်မှ ငွေစက္ကူအတုများကို ချမ်းအေးသာ ဇံမြို့နယ်တွင် နေထိုင်သည့် မသဇင်၏ ဆက်သွယ်ပေးမှုဖြင့် အောင်မြေသာစံမြို့နယ် ပြည်ကြီးကျက်သ ရေ အနောက်ရပ်ကွက်၊ ၂၅လမ်းနှင့် ၂၆လမ်း၊၈၃လမ်းနှင့် ၈၄လမ်းကြား၊ သရဖီလမ်းသွယ်၊ အိမ်အမှတ်(၅၇/၃) တွင် နေ ထိုင်သည့် သက်တင်ထံမှ ရယူ လွှဲပြောင်းပေးခြင်းဖြစ်ကြောင်း ပေါ်ပေါက်ခဲ့သဖြင့် သက်တင်၏ နေအိမ် အား ၀င်ရောက်ရှာဖွေရာ သက်တင်မှာ ထွက်ပြေးတိမ်းရှောင်သွားပြီး ညီမဖြစ်သူ မလွင်ဇာခိုင်အား တွေ့ရှိ ရသဖြင့် မလွင်ဇာခိုင်၏ ဘီရိုအတွင်းမှ ငွေစက္ကူအတုဟု ယူဆရသော ၁၀၀၀တန်အသေး ၁၉၃ ရွက်အား သိမ်းဆည်းရမိခဲ့သဖြင့် သက်တင်နှင့် မလွင်ဇာခိုင်တို့အား အမှတ် (၅)ရဲစခန်းမှ (ပ)၇၃/၂၀၁၃၊ပြစ်မှုပုဒ်မ ၄၈၉-(ခ)အရ အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရှိရပါသည်။
Eleven

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here