Sunday, April 7, 2013

ပထမဆုံးအကြိမ်အဖြစ် ကရင်ပြည်နယ်မြ၀တီမြို့တွင် လူတန်းစားပေါင်းစုံပါဝင်သည့် ခမ်းနားကြီး ကျယ်သော စုပေါင်းရဟန်းခံရှင်ပြုအလှူတော်တရပ်ကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည်။

0 comments
ဧပြီ(၇)
မြ၀တီမြို့နယ်အတွင်းနေထိုင်ကြသည့် ဆင်းရဲနွမ်းပါးသူများ၊မိဘမဲ့ကလေးငယ်များအပါအ၀င်
အလွှာပေါင်းစုံ မှ သာမဏေလောင်း ၁၀၆ ဦးနှင့်ရဟန်းလောင်း ၁၁၆ ဦးကို မြ၀တီမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ကံ မိသားစု နှင့်အလှူရှင်အချို့က ရဟန်းခံရှင်ပြုအလှူတော်
ကျင်းပပေးခဲ့ခြင်းဖြစ်သည်။

သာမဏေနှင့်ရဟန်းလောင်း ၂၂၂ ဦးကို ဆင်ရတနာ၊မြင်းရတနာများနှင့်အတူ ရှင်လောင်း
လှည့်လည်ပွဲကို ယနေ့နံနက် ၆ နာရီမှစတင်ကာမြန်မာဓလေ့ထုံးတမ်းများနှင့်အညီကျင်းပခဲ့ပြီး ယခင်ကပြုလုပ်နိုင်ခဲ့ခြင်း မရှိသည့် အလှူတော်ဖြစ်သည်ဟု မြ၀တီမြို့ခံမီဒီယာသမားတဦး
ကပြောသည်။

သာမဏေလောင်းမောင်အောင်အောင်က”သားတို့လိုအရွယ်ရောက်ပြီး ကိုယ်ရင်ဝတ်ဘို့အခက်
အခဲရှိတဲ့ လူတွေကို အလှူပေးခဲ့တဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ အခြားအလှူရှင်တွေကို ကျေးဇူးတင်
ပါတယ်”ဟုပြောသည်။

ယခင်ကမြ၀တီမြို့တွင်ကျင်းပခဲ့သည့် စုပေါင်းရဟန်းခံအလှူပွဲများသည် အများဆုံးသာမဏေနှင့် ရဟန်းလောင်း ၅၀ အောက်သာရှိသည်ဟု မြ၀တီမြို့ခံရဟန်းလောင်းတဦးဖြစ်သည့်ကိုစိုးက ဆိုသည်။

အလှူတော်ကိုကမကထပြုသည့် မြို့နယ်အုပ်ချုပ်ရေးမှူးဦးသိန်းဇော်ကံ က”မြန်မာပြည်ဟာ ခမ်းနားကြီး ကျယ်တဲ့ အကြောင်း နိုင်ငံတကာကို ပြချင်လို့ အခုလိုကျင်းပပြုလုပ်ရတာဖြစ် တယ်”ဟုပြောသည်။

ယနေ့ရှင်လောင်းလှည့်လည်ပွဲတွင် မြန်မာဆင် ၁၀ ကောင်နှင့်မြန်မာမျိုးရင်းမြင်းများကို အသုံးပြု
ခဲ့သည် ဟု မြန်မာဆင်ဦးစီးတဦးဖြစ်သည့် စောကညောနှင့်မြင်းထိန်းတဦးကပြောသည်။

မြ၀တီမြို့ဘုရားကြီးကျောင်းတိုက်တွင်ပြုလုပ်သည့် ရဟန်းခံရှင်ပြုအလှူတော်ကိုမနက်ဖြန်တွင် တရားနာ ရေစက်ချမည်ဖြစ်ပြီး ယနေ့ညတွင်အကယ်ဒမီမိုးဒီဦးဆောင်သည့် အငြိမ့်သဘင်ဖြင့်
တင်ဆက်မည်ဖြစ်သည်။

Myanmar International News

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here