Tuesday, March 19, 2013

လက်နက်ဆိုင်ရာ သဘောတူညီချက် နောက်ဆုံးအဆင့်ကို အကျေအလည်ဆွေးနွေး

0 comments
နယူးယောက်၊ မတ် ၁၉။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းသည်
တနင်္လာနေ့က အင်အားကြီးနိုင်ငံများ၏ ရိုးရိုးလက်နက်များ
(နယူးကလီးယား လက်နက်မဟုတ်သော လက်နက်များ)
ရောင်းဝယ်ရေးသဘောတူညီချက်ကို သတ်မှတ်ရန် ညှိနှိုင်းမှု
နောက်ဆုံးအဆင့်စတင်ပြီး နိုင်ငံတကာ သဘောတူညီမှုကို
တောင်းခံခဲ့သည်။

အဖွဲ့ဝင်၁၉၃နိုင်ငံသည် လက်နက်ငယ်များ၊ တင့်ကားများ၊
စစ်သင်္ဘောများ၊ စစ်လေယာဉ်များ၊ ခဲယမ်းများနှင့် ဒုံးကျည်
များကို တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၈၀ဘီလျံတန်
ကုန်သွယ်မှုနှင့် စပ်လျဉ်း၍ မတ်၂၈ရက် နောက်ဆုံးထား၍
သဘောတူညီမှုကို တင်သွင်းရမည် ဖြစ်သည်။

“လက်နက်ရိုးရိုးများ ရောင်းဝယ်မှုများမှာ နည်းဥပဒေ မရှိခြင်းဟာ သေချာရေလည်တဲ့ ရှင်းလင်းမှုကို ဆန့်ကျင်
နေပါတယ်” ဟု မစ္စတာဘန် ကီ မွန်းက စေ့စပ်ဆွေးနွေးမှု
အစပိုင်းတွင် ဆိုသည်။ “လက်နက်ရောင်းဝယ်မှုမှာ ဘုံတူညီတဲ့ စံသတ်မှတ်မှုမရှိဘူး”ဟုလည်း ဆက်လက် ပြောကြားသည်။

လက်နက်ကိုင်ပဋိပက္ခကြောင့် တစ်နှစ်လျှင် လူငါးသိန်းကျော်
ခန့် သေဆုံးရပြီး လက်တင်အမေရိကမှ မူးယစ်ဆေးရောင်း
သော အဖွဲ့များသည် ၎င်းတို့နိုင်ငံ အစိုးရအဖွဲ့ထက် ပိုပြီး လက်နက်အင်အား တောင့်တင်းကြသည်ဟု ကုလသမဂ္ဂ
အတွင်းရေးမှူးက ဆိုသည်။

“ခုချိန်မှာတော့ ဒါတွေဟာ အာရုံစိုက်စရာ ဖြစ်လာပြီးနိုင်ငံတွေအနေနဲ့ သဘောတူညီချက်ရဲ့ အသေးစိတ်
ကိုနောက်ဆုံးအနေနဲ့ ညှိနှိုင်းရပါ မယ်”ဟု ၎င်းက ဆိုသည်။

ယခုသဘောတူညီချက်သည် လက်နက်ရောင်းသောနိုင်ငံများ အရောင်းအဝယ်မလုပ်မီ၎င်းလက်နက်များကို
လူ့အခွင့်အရေးများ ချိုးဖောက် ခြင်း၊ အကြမ်းဖက်ခြင်း သို့မဟုတ်ရာဇဝတ်မှုများကျူးကျော်ရန်ရည်ရွယ်ခြင်း
စသောအချက်တို့ကို ဝယ်ယူသူက ကျူးလွန်နိုင်ခြေရှိမရှိစစ်ဆေးအကဲဖြတ်ရန်တိုက်တွန်းဖို့ရည်ရွယ်ချက်များ
ပါသည်ဟု သိရသည်။

ယမန်နှစ် ဇူလိုင်လကအတည်ပြုရန် ပြင်ဆင်ခဲ့သောလက်နက်ရောင်းဝယ်ရေးသဘောတူစာချုပ်သည် နိုင်ငံ
အများအပြားက ကန့်ကွက်သော ကြောင့် အတည်မပြုနိုင်ဖြစ်ခဲ့ရသည်။

သဘောတူညီချက်စာတမ်းကို ရေးဆွဲပြီးဖြစ်သော်လည်း အမေရိကန်၊ ရုရှားအပါအဝင် နိုင်ငံအများသည် သဘောတူညီရန်အချိန်တစ်ခု လိုအပ် အုံးမည်ဖြစ်ကြောင်း ဆိုကြသည်။

အမေရိကန်နိုင်ငံသည် သဘောတူညီချက်ပါ ခဲယမ်းများနှင့် ဆိုင်သောအချက်ကို ဆန့်ကျင်နေဆဲဖြစ်ပြီး တရုတ်နှင့် ရုရှားကဲ့သို့ လက်နက် ရောင်းချသော နိုင်ငံအကြီးစားတို့ကလည်း သဘောတူညီရန် တင်းခံနေ
ဆဲဖြစ်သည်ဟု ပညာရှင်များက ဆိုသည်။

စတော့ဟုမ်း နိုင်ငံတကာငြိမ်းချမ်းရေး တက္ကသိုလ်က တရုတ်သည် ဗြိတိန်ကိုကျော်တက်ပြီးလက်နက်ရောင်း
သော နိုင်ငံများတွင် ကမ္ဘာ့အဆင့် ငါးအဖြစ်သို့ ရောက်ရှိလာသည ဟုဆိုသည်။

လက်နက်ရောင်းဝယ်ရေးသဘောတူညီချက်ကို နိုင်ငံပေါင်း၁၀၈နိုင်ငံသည် သင့်တင့်သည့် တိုးတက်မှုအဆင့်သို့ ရောက် ရှိနေပြီဖြစ်ကြောင်း ထုတ်ပြန်ချက်တစ်ခုထုတ်ခဲ့သည်။ တရုတ်၊ အမေရိကန်နှင့် ရုရှားတို့က သဘောတူကြောင်း လက်မှတ် မထိုးခဲ့ကြသော်လည်း ဥရောပနိုင်ငံ အများစု လက်မှတ်ရေးထိုးခဲ့ကြသည်။

ဆွေးနွေးကြသည့်ပညာရှင်များသည်သဘောတူညီမှုရောက်ရှိနိုင်မည့် ဖြစ်နိုင်ခြေကိုသတိကြီးစွာ ဆွေးနွေး
ကြသည်။

ယခုဆွေးနွေးပွဲကို ဦးဆောင်သည့် နိုင်ငံ ၇နိုင်ငံတွင် ပါဝင်သော ဖင်လနနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး အာကီတို မီယိုဂျာက“ခုချိန်ထိတော့ကျွန် တော်တို့ အောင်မြင်မယ် မအောင်မြင်ဘူး မသိနိုင်သေးပါဘူး”ဟု ဆိုသည်။၎င်းကနိုင်ငံအားလုံးကိုသဘောတူညီမှုရနိုင်ရန် ပြင်ဆင်ထားရမည် ဖြစ်ကြောင်းလက်နက်ရောင်း
ဝယ်မှု သဘောတူစာချုပ်ကို သဘောတူရန် နိုင်ငံရေးစိတ်ဓာတ်ကို ရှာဖွေကြရန် တိုက်တွန်းထားသည်။

လက်နက်ခဲယမ်းကိစ္စသည်သဘောတူညီချက်စာချုပ်အတွက် အဓိကအတားအဆီးဖြစ်နေဆဲ ဖြစ်သည်။ တိုမီယိုဂျာကမူ လက်နက်ခဲယမ်းများ သည် ယခုကိစ္စ၏ အဓိကအချက်ထဲမှ တစ်ခုဖြစ်ကြောင်း ဆိုသည်။

ကမ္ဘာ့လက်နက် ရောင်းဝယ်ဖောက်ကားမှုကြောင့် နှစ်စဉ် အမေရိကန်ဒေါ်လာ ၄ဘီလျံရှိပြီး တစ်ဝက်သည် အမေရိကန်ပြည်ထောင်စုမှ ဖြစ်ပြီးအမေရိကန်အစိုးရအနေနှင့်သဘောတူညီချက်ကိုဆန့်ကျင်ရန်၎င်းရောင်း
ဝယ်မှုက တွန်းအားပေးနေသည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက အမေရိကန်နိုင်ငံသည်ခိုင်မာ ထိရောက်သော သဘောတူ
ညီမှုကို လိုချင်ကြောင်း သောကြာနေ့က ဆိုသည်။

သဘောတူညီချက် စာချုပ်တွင် ရုရှားက ဆီးရီးယားသမ္မတ ဘာရှာအယ်အာဆတ်ကို အကူအညီပေးခြင်း ကဲ့သို့သောစစ်တပ်ဆိုင်ရာ ပူးပေါင်း မှု သဘောတူညီချက်အရ လက် နက်ထောက်ပံ့မှုများကို မထည့်
သွင်းထားချေ။

အမေရိကန်နိုင်ငံသည်လည်း အီဂျစ်တို့ကို ထောက်ပံ့မှုပြုလုပ်ခဲ့ပြီး ပြင်သစ်တပ်များသည်အာဖရိကတပ်ဖွဲ့ကို အလားတူ ထောက်ပံ့ခဲ့သည်။

Ref: CNA
Photo: AFP

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here