Thursday, March 14, 2013

အကြီးဆုံး အဝေးကြည့်မှန်ပြောင်း ချီလီမှာ ဖွင့်လှစ်

0 comments

မတ်(၁၄)


ချီလီသမ္မတ Sebastian Pinera အဝေးကြည့် မှန်ပြောင်းကို ဖွင့်လှစ်ပေးခဲ့ချီလီနိုင်ငံAtacamaသဲကန္တာရထဲ
မှာကမ္ဘာပေါ်မှာ အကြီးဆုံး အဝေးကြည့် မှန်ပြောင်းကို ဖွင့်လှစ်လိုက်ပါတယ်။
နဂါးငွေ့တန်းကို ကြည့်ရူ လေ့လာဖို့ အတွက် အယ်လ်မာALMA (Atacama Large Millimeter/
Submillimeter Array) စီမံကိန်း မှာ အင်တာနာ ဧရိယာတိုင်ကြီးတွေ ၆၆ ချောင်း တပ်ဆင်ဖို့ ဖွင့်ပွဲ အခမ်းအနားမှာ ချီလီ သမ္မတက အမိန့်ပေးခဲ့ပါတယ်။
အဲဒီ စီမံကိန်းကနေ ကမ္ဘာမြေကြီး စတင် ပေါ်ပေါက် လာပုံနဲ့ ပတ်သက်တဲ့ သတင်း အချက်အလက်သစ်တွေ
ကို ရှာဖွေ နိုင်လိမ့်မယ်လို့ ယူဆနေကြပါတယ်။
ဒီစီမံကိန်းကို ဆယ်နှစ်ကျော်ကြာ တည်ဆောက်ခဲ့ရပြီး အနည်းဆုံး ဒေါ်လာ တစ်ဒဿမ သုံး ဘီလီယံ ကုန်ကျခဲ့တာ ဖြစ်ပါတယ်။
ဒီကုန်ကျငွေတွေကို ဥရောပ ၊ အမေရိကန် ပြည်ထောင်စု ၊ ကနေဒါ ၊ ဂျပန်နဲ့ ချီလီ နိုင်ငံတွေက ထည့်
ဝင်ခဲ့တာ ဖြစ်ပါတယ်။
MJ

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here