Monday, March 18, 2013

နမ့်စန်မြို့တွင် သဲကျင်းပြိုကျပြီး လူ(၆)ဦး သေဆုံးမှုဖြစ်ပွား

0 comments
မတ်(၁၈)


သဲကားပေါ်တက်နေကြသော သဲကျင်းလုပ်သားများ


ရှမ်းပြည်နယ် နမ့်စန်မြို့တွင် မတ်လ(၁၆)ရက်နေ့ ညနေအချိန်၌ သဲထုတ်လုပ်ငန်းတစ်ခုမှ သဲတောင် ပြိုကျခဲ့မှုကြောင့် သဲကျင်းလုပ်သား(၆)ဦး သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
နမ့်စန်မြို့အမှတ်(၆)ကျေးရွာအနီးရှိ ဦးမင်းအောင် ပိုင်ဆိုင်သော သဲထုတ်လုပ်ငန်းမှ သဲတောင်ပြိုကျ မှု ကြောင့် သဲကျင်းအလုပ်သမား(၆)ဦး သေဆုံးခဲ့သည်၊ သဲတောင်ပြိုကျရာသို့ ဌာနဆိုင်ရာများ၊ ဒေသခံ များ၊ သဲကျင်းလုပ်သားများမှ ၀ိုင်းဝန်းကူညီတူးဖော်ပေးမှုကြောင့် (၂)နာရီခန့်အကြာ တွင် ဒေါ်တင်သန်းမြင့်နှင့် ဒေါ်မိုးမိုးဆွေ (နမ့်စန်မြို့နေ) တို့၏ အလောင်းများကို တူးဖော်ရရှိခဲ့သည်။

သဲကျင်းလုပ်သားများမှ ဆက်လက်တူးဖော်ရှာဖွေမှုကြောင့် ကျန်ရှိသေးသော လူ(၄)ဦးတို့၏ အလောင်း များကို (၁၇)ရက်နေ့ မနက်ပိုင်းတွင် ထပ်မံတွေ့ရှိခဲ့သည်။ ထပ်မံရရှိသော အလောင်းများမှာ ဦးကျော်ဝင်းကြီး၊ ဒေါ်သီတာအောင်၊ ဒေါ်ခင်စောအေး၊ ဦးတင်သန်းတို့ဖြစ်ပြီး သေဆုံးသူ(၆)ဦးစလုံးမှာ နမ့်စန်မြို့မှ ဖြစ်ကြောင်းသိရသည်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here