Friday, March 8, 2013

လေလံဈေးကြောင့် ကားဈေးတက်သော်လည်း အရောင်းအဝယ် ဆက်ရှိနေ

0 comments
မတ်(၈)

ပြည်ပမှ မှာယူရသည့် လေလံဈေးနှုန်း အတက်ကြောင့် ပြည်တွင်း ကားဈေးနှုန်းများ အနည်းငယ်မြင့်လာသော်လည်း ဈေးကွက်အတွင်း အရောင်းအဝယ် ဆက်ရှိနေကြောင်း ကားဝယ်ရောင်းများ က ဆိုသည်။

“လေလံဈေး မြင့်တဲ့အတွက် ကားဈေး မြင့်လာတာရယ်၊ ဟံသာဝတီ ကားပွဲစားတန်း အပြောင်းအရွှေ့ကြောင့် မော်တော်ကား အရောင်းအဝယ် ဈေးကွက် အေးသွားမယ်ထင်ခဲ့တာ အရောင်းအဝယ် ဆက်ရှိနေပါတယ်။ သီရိမင်္ဂလာဈေးရယ်၊ မင်းရဲကျော်စွာလမ်းနေရာရယ် နှစ်နေရာ ဖြစ်သွားတာကြောင့် ခါတိုင်း ရောင်းဝယ်မှု ထက် ၅၀ ရာခိုင်နှုန်းလောက်ပဲ အရောင်းအဝယ်ရှိနေပါတယ်” ဟု မော်တော်ကား ရောင်းဝယ်ရေးအသင်း - ဗဟို - ရန်ကုန်မှ ပြောရေးဆိုခွင့်ရှိသူ ဦးမင်းဦး က ပြောသည်။

ယခုအပတ်အတွင်း ကားဈေးကွက်တွင် ကားလေးများနှင့် အေအေတက္ကစီများ အရောင်းအဝယ် ဖြစ်သည်။

“မတ်လ ၇ ရက်နေ့မှာ အေ၇ာင်းအဝယ်ဖြစ်တဲ့ ဈေးနှုန်းတွေကတော့ တိုရိုတာပရိုဘောက် ကိုကျပ် ၁၃၅ သိန်း၊ တိုရိုတာ ဘစ်တာ-မော်ဒယ်လ် ၂၀၀၇ က ကျပ် ၁၄၅ သိန်း၊ မော်ဒယ်လ် ၂၀၀၉ က ကျပ်သိန်း ၁၆၀၊ ဟွန်တာဖစ်-မော်ဒယ်လ် ၂၀၀၇ ဆို ကျပ် ၁၃၅ သိန်း၊ မော်ဒယ်လ်-၂၀၀၉ ဆို ကျပ် ၁၅၅ သိန်းနဲ့ အရောင်း အဝယ် ရှိခဲ့ပါတယ်” ဟု ဝါရင့် ကားဝယ်ရောင်း ဦးသန်းဌေး က ဆိုသည်။

ဘီဘီ တက္ကစီ ပရိုဘောက် တစီးလျှင်ကျပ် ၁၁၅ သိန်းနှင့် အရောင်းအဝယ် ရှိခဲ့သည်။

အလားတူ စလစ် အရောင်းအဝယ်ဈေးကွက်တွင်လည်း ရိုးရိုးစလစ် တစောင်လျှင် ကျပ် ၈၆ သိန်း၊ အခွန်ဆောင်ပြီး စလစ် တစောင်လျှင် ကျပ် ၉၂ သိန်း ပေါက်ဈေးရှိလာသည်။ ယင်းအပြင် 'လ' အက္ခရာများမှာ အအပ်လက်ခံပြီဖြစ်၍ ကျပ် ၈၇ သိန်းအထိ ဈေးခေါ်နေကြောင်း သိရသည်။
မဇ္ဈိမ

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here