Friday, March 8, 2013

တောင်ကြီးမြို့ပေါ်တွင် စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ

0 comments


မတ်(၈)

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ ညောင်ရွှေဟော်ကုန်းရပ်ကွက်အနီးတွင် တောင်ကြီးမူးယစ် အဖွဲ့နှင့် သက်သေများမှ မတ်လ(၇)ရက်နေ့တွင် တရားမ၀င်စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိခဲ့ ကြောင်း သိရသည်။

တောင်ကြီးမူး ယစ်အထူးနှိမ်နင်းရေး အဖွဲ့မှ ရဲအုပ် ၀င်းနိုင်ဦးစီးရဲတပ်ဖွဲ့ဝင်များသည် မတ်လ(၇) ရက်နေ့ နေ့လည်ပိုင်းတွင် စိုင်းနန္တော(ပင်လုံမြို့နေသူ) မောင်းနှင်လာသော ကန်ဘိုအမျိုးအစား အနက်ရောင် ဆိုင်ကယ်အား ရပ်တန့်ရှာဖွေရာမှ တရားမ၀င်ဆေးပြားများ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။ စိုင်းနန္တောစီးနင်းလာသော ဆိုင်ကယ် ၀ဲဘက်ဒူးကာအတွင်းတွင် ပလပ်စတစ်အိတ်အပြာရောင်ဖြင့် ထုတ်ထားသော WY စိတ်ကြွရူးသွပ်ဆေးပြာ(၂၀၀)ပြားပါ ၂ ထုပ်နှင့် (၈၀)ပြားပါ (၁)ထုပ် စုစုပေါင်း ဆေးပြား (၄၈၀)ပြား ကာလတန်ဖိုးအားဖြင့် သိန်း(၂၀)ခန့် ဖမ်းဆီးရမိခဲ့သည်။

တရားမ၀င်စိတ်ကြွရူးသွပ်ဆေးပြားများ လက်ဝယ်ထားရှိသူ စိုင်းနန္တောအား တောင်ကြီးမြို့အမှတ် (၂)ရဲစခန်းမှ မူးယစ်(ပ) ၃/၂၀၁၃ မူး၊ စိတ်ဥပဒေပုဒ်မ၁၅/၁၉(က)အရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here