”မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး ပါဝင်ယှဉ်ပြိုင်ကြမယ့် ကစားသမား တွေ အားလုံးကိုလည်း အားပေးနေ မှာပါ”လို့ ပြောပြပါတယ်။
အနုပညာရှင်တစ်ယောက်အ နေနဲ့ အားကစားနည်းတစ်ခုကို ပြည် သူတွေစိတ်ဝင်စားစေဖို့ လှုံ့ဆော် ပေးရတဲ့အပေါ်ကိုလည်း ”ကိုယ်က အားကစားသမား မဟုတ်ပေမယ့် ဒီဟာကိုဝိုင်းပြီး လှုံ့ဆော်ပေးရတာပဲ ဖြစ်ဖြစ် ကိုယ်တတ်နိုင်သမျှ ပါဝင် ခွင့်ရတယ်ဆိုရင် ဝမ်းသာလှပါပြီ။ ကိုယ်က အားကစားအကြောင်းကို သိပ်မသိပေမယ့် အားကစား ကို ကိုယ့်ရဲ့ အနုပညာနဲ့ပေါင်းစပ်ပြီး အများပြည်သူသိဖို့ စိတ်ဝင်စားဖို့ လှုံ့ဆော်ရမယ်ဆိုရင် ကျေနပ်သလို ဝမ်းလည်းဝမ်းသာပါတယ်”လို့ သင်ဇာဝင့်ကျော်က ဆက်ပြောပါ တယ်။
ရေကူးအားကစားဟာ ကျန်းမာ ရေးအတွက် သင့်တော်ကြောင်း၊ ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည်မှုရှိစေ ကြောင်း၊ ခန္ဓာကိုယ်အတွက် ရေကူး အားကစားနည်းဟာ အလွန်အဆင် ပြေကြောင်း ဆက်ပြောပါတယ်။
သင်ဇာဝင့်ကျော်က ဆီးဂိမ်း ပြိုင်ပွဲကို ပရိသတ်အများအပြား လာရောက် အားပေးစေချင်ပြီး ပြိုင်ပွဲဝင်မယ့် အားကစားသမား တွေအတွက် အားပေးဆုတောင်း စကားကို ”ဘယ်အရာမဆို ဇွဲ မလျှော့စတမ်း ကြိုးစားရင် အောင် မြင်မှာပါ။ ကိုယ်ဆုံးဖြတ်ပြီး တဲ့အရာကို ကောင်း အောင်လုပ်ဖို့ပဲ ကြိုး စားပါတယ်။ သင်ဇာ လည်း ဘဝကို ဒီလို ပဲလျှောက် လှမ်းနေ တာပါ။ ရေကူး အားကစားနည်းက ကစားသမားတွေ ရော၊တခြားအားကစား နည်း တွေက နိုင်ငံဂုဏ်ဆောင်ကြ မယ့် ကစားသမားတွေပါ ဇွဲ မလျှော့ စတမ်းကြိုးစားပြီး မြန်မာ နိုင်ငံအတွက် ရွှေတံဆိပ်အများကြီးရ မယ်လို့ မျှော်လင့်ပါတယ်၊ ယုံလည်း ယုံကြည်ပါတယ်”လို့ပြောပြခဲ့ပါတယ်။ ရေကူးပြိုင်ပွဲကို နေပြည်တော်ရှိ ဝဏ္ဏ သိဒ္ဓိရေကူးကန်နဲ့ ဇေယျာသီရိ ရေကူးကန်တွေမှာ ကျင်းပပြုလုပ်မှာဖြစ် ပြီး ချီးမြှင့်မယ့် ဆုတံဆိပ် အရေ အတွက်က ရွှေ ၃၄ ခု၊ ငွေ ၃၄ ခု၊ ကြေး ၃၄ ခု စုစုပေါင်း ၁ဝ၂ ခု ချီးမြှင့်မှာ ဖြစ်ပါတယ်။
popularmyanmar.com