”ဒီကုမ္ပဏီက နှစ်ပေါင်း ၁ဝဝရှိပြီး မိုးယုကို ဒီ Brand နဲ့ပတ်သက်ပြီး လှုပ်ရှားမှုတိုင်း၊ ပရိုမိုးရှင်းပွဲပဲဖြစ် ဖြစ် ကိုယ့်ဘက်က ပါဝင်လှုပ်ရှားမှာပါ။ ကုမ္ပဏီကလည်း Brand Ambassador အနေနဲ့ မိုးယုကို ပထမဆုံးစပြီးခန့်တာ။ ဒီ Brand နဲ့ ပတ်သက်ပြီး မိုးယုအနေနဲ့ အတတ်နိုင်ဆုံး Customer တွေသိအောင် ကြိုးစားသွားမှာပါ။ မိုးယုကို အခုလို ခန့်အပ်တဲ့အတွက်လည်း SHARPမှ တာဝန်ရှိတဲ့ သူတွေကိုလည်း ကျေးဇူးတင်ပါတယ်။ မိုးယုအကောင်းဆုံးဖြစ်အောင် ကြိုးစားသွားမှာပါ။ ဒီ အတွက်လည်း ဝမ်းသာ မိပါတယ်”လို့ ပြောပြ ခဲ့ပါတယ်။
ကိုယ်ဝါသနာ ပါတဲ့ အနုပညာကို လုပ်ခွင့်ရတော့ ကိုယ် ဖြစ်ချင်တဲ့ ဆန္ဒနဲ့တစ် ထပ် တည်းကျပေမယ့် လည်း ကိုယ်လိုချင်တဲ့ နေရာတော့ မရောက်သေးပါဘူးလို့လည်း အနုပညာနဲ့ ပတ်သက်ပြီးဖြစ်ချင်တဲ့ ဆန္ဒကို မိုးယုစံကဖွင့်ဟခဲ့ပါတယ်။ အခုလက်ရှိမှာလည်း မိုးယုစံက ကားရိုက်မှုတွေ ပုံမှန်ရှိပြီး ဧပြီလထဲမှ ဒါရိုက်တာ ညီညီထွန်းလွင် ရိုက်ကူးမယ့် ရုပ်ရှင်ကားကြီးမှာ ပြေတီဦးနဲ့အတူ သရုပ်ဆောင်ရမှာဖြစ်ပါတယ်။ “ကျွန်တော်တို့လည်း တာဝန်ရှိ ပါသည်”ဆိုတဲ့ ဇာတ်ကားမှာ မင်းမော်ကွန်း၊ ဖိုးကျော်၊ မိုးပြည့်ပြည့် မောင်တို့နဲ့အတူ မိုးယုစံကလည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။ လူငယ်ပညာပေး ဇာတ်လမ်းလေးဖြစ်ပြီး မိုးယုစံက သူငယ်ချင်းတွေရဲ့အခက်အခဲကို ကူညီတဲ့ မိဝါအဖြစ် သရုပ်ဆောင်ထားပါတယ်။ “ကျွန်တော်တို့လည်းတာဝန်ရှိပါသည်” ဆိုတဲ့ကားလေးက ရိုက်ကူးထားတာ ၂နှစ်ကျော်လောက်ရှိပြီဖြစ်ပေမယ့်လည်း အခုချိန်ထိ အမှတ်တရရှိကြောင်းကို မိုးယုစံက “ဒီကားလေးက ဇာတ်လမ်း ဇာတ်အိမ်လည်း ကောင်းတယ်။ ပညာပေးတဲ့ ပုံစံမျိုးလည်းပါတယ်။ သရုပ်ဆောင်ရတဲ့ အပိုင်းကလည်း သူငယ်ချင်း တွေအတွက် အနစ်နာခံထားတဲ့ ပုံစံမျိုးလေးပါ။ ဒီကားလေးကို တအား သဘောကျမိပါတယ်။ ဒီကားရိုက်တုန်းကတော့ အမှတ်တရတွေ လည်းများတယ်။ အားလုံးပျော်ပျော်ပါးပါးနဲ့ လူတွေလည်း များတယ်။ ဟာသလေးလည်း ဖြစ်ပါတယ်။ ဒါရိုက်တာက ရိုက်ရင်းနဲ့ ရေတွင်းထဲပြုတ်ကျသွားတယ်။ အဲဒါတော့ အမြဲအမှတ်တရပါပဲ” လို့ ပြောပြခဲ့ပါတယ်။
popularmyanmar.com