Monday, March 18, 2013

လားရှိုးမှာလည်း ယုံကြည်မှုတည်ဆောက်ရေး ဆွေးနွေးမယ်

0 comments
မတ်(၁၈)

လားရှိုးမြို့တွင် ငြိမ်းချမ်းမှုအတွက် ယုံကြည်မှု တည်ဆောက်ခြင်း အကြောင်းအရာကို  လာမည့် ဗုဒ္ဓဟူးနေ့မှ အစပြုပြီး ၃ ရက်ကြာ ကျင်းပမည်ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD ပါတီ) က ပြောသည်။
တာင်ကြီးတွင် ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲ မြင်ကွင်းတခု (ဓာတ်ပုံ - ဂျွန်ချစ်ငြိမ်း)


မကြာသေးခင်က ဤသို့သော ဆွေးနွေးပွဲမျိုးကို  ရန်ကုန်၊ တောင်ကြီးမြို့တို့တွင် ကျင်းပခဲ့ပြီးဖြစ်သည်။

လားရှိုးတွင် ထပ်မံ ဆွေးနွေးသည့်အခါ နိုင်ငံရေး၊ ယဉ်ကျေးမှု၊ အရပ်ဖက် လူ့အဖွဲ့အစည်း ဆိုင်ရာ အဖွဲ့ပေါင်း (၂၆) ဖွဲ့ ဆွေးနွေးကြမည်ဟု SNLD ၏ တောင်ကြီးမြို့နယ် ဥက္ကဋ္ဌ  ဦးစိုင်းခင်မောင်ညွန့်(ခ) စိုင်းခမ်းပိုင်ဖ ၏ ပြောပြချက်အရ သိရှိရသည်။

ဆွေးနွေးပွဲ သုံးရက်ပြီးလျှင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်မည်ဖြစ်ကြောင်း ပွဲဖြစ်မြောက်ရေး တာဝန်ခံ ကိုစိုင်းလိတ်က ပြောသည်။

ဧရာဝတီဘလော့

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here