Monday, March 18, 2013

ကျိုင်းတုံမြို့ တက္ကသိုလ်ဝင်စာမေးပွဲစာစစ်ဌာနလေးခုစလုံး၌ စာဖြေသူကျောင်းသား၊ ကျောင်းသူတို့စိတ်အနှောင်အယှက်များဖြစ်ခဲ့ရ

0 comments
မတ်(၁၈)

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၏တက္ကသိုလ်ဝင်စာမေး ပွဲစာစစ်ဌာနများဖြစ်သော အ.ထ.က (၁)၊ အ.ထ.က (၃) နှင့် အ.ထ.က (၄) စာစစ်ဌာနများ၌ စာဖြေသူ  ကျောင်းသား၊ ကျောင်းသူများအား  အပေါ်အနွေးထည်အင်္ကျီကိုဝတ် ဆင်ခွင့်မပြုသည့်အတွက် စာဖြေ သူကျောင်းသား၊ ကျောင်းသူများ နှင့် မိဘပြည်သူများစိတ်မချမ်းမ သာနှင့် စိတ်အနှောင့်အယှက်များ  ဖြစ်ပေါ်ခံစားကြရကြောင်း သိရ  သည်။
“ကျွန်တော့်သားက အ.ထ.က (၁) မှာ ဖြေရပါတယ်။ ကလေး က နေမကောင်းလို့အပေါ်အနွေး ထည်အင်္ကျီဝတ်တာကိုခွင့်မပြုတာ ကြောင့် ရှပ်အင်္ကျီဖြင့်သာ စာဖြေ ချိန် ၃ နာရီလုံးလုံးချမ်းချမ်းစိမ့်စိမ့်   နဲ့ စာဖြေခဲ့ရတယ်လို့ပြောပြပါ တယ်။ နောက်တစ်နေ့မှာ အနွေး ထည်အင်္ကျီကိုအောက်ကခံဝတ်ခိုင်း  ပြီးအပေါ်က ရှပ်အင်္ကျီဖြူကို ထပ်ဝတ်စေပြီးမှ စာဖြေခွင့်ပြုတော့    ကလေးက ကောက်ညှပ်ထုပ်လို အင်္ကျီကျပ်ကျပ်နဲ့ စာဖြေခဲ့ရပြန် ပါတယ်”ဟု ဦးကျော်ဖေ (အလယ်  တန်းပြဆရာ အငြိမ်းစား) က ပြောပြသည်။
“ကျွန်မသမီးက အ.ထ.က  (၃) မှာ ဖြေရပါတယ်။ ကလေးက   နေမကောင်းတာကြောင့် ဆေးခန်း   သွားပြပြီး ဆေးထိုးဆေးသောက်  ကာ စာမေးပွဲဖြေရတာပါ။ အနွေး ထည်ကိုဝတ်ခွင့်မပေးတော့ ကလေးက အအေးဒဏ်ကို ဒုက္ခခံပြီးဖြေ ရတော့ စာမေးပွဲဖြေပြီးမှာ ပြန်ပြီး  အဖျားတက်တော့ ဆေးခန်းပို့ရ တော့တာပါပဲ”ဟု ကျိုင်းတုံမြို့ အမှတ် (၅) ရပ်ကွက်၊ နောင်ကြန့်   ရွာနေဒေါ်အေးခမ်းကပြောပြ သည်။
တက်္ကသိုလ်ဝင်စာမေးပွဲ၏ စာဖြေသူများလိုက်နာရန်ညွှန်ကြား ချက်များတွင် “စာဖြေသူကျောင်း သား၊ ကျောင်းသူများအနေဖြင့် အပေါ်အနွေးထည်အင်္ကျီဝတ်ဆင်  ခြင်းမပြုရ”ဟူသည့်ညွှန်ကြားချက်ကို   ရှာမတွေ့ကြောင်း လိုအပ်သည့်ရှာ  ဖွေမှုများကို ပြုလုပ်ပြီးမှသာ စာဖြေခန်းအတွင်းသို့ဝင်ရောက်ခွင့် ပြုစာဖြေဆိုစေခြင်းပြုလုပ်သည့် အတွက် အပေါ်အနွေးထည်အင်္ကျီ  ၀တ်ဆင်ဖြေဆိုခြင်း၊ မ၀တ်ဆင် ဖြေဆိုခြင်းများသည်စာဖြေခန်း အတွင်းတွင်သက်ဆိုင်ပတ်သက် ခြင်းမရှိဟု ယူဆကြောင်း စာရွက် မှတ်စုတစ်စုံတစ်ရာကို ထုတ်ပြီး ကူးယူမှုပြုလျှင် သက်မှတ်စည်းကမ်း   အတိုင်းအရေးယူဆောင်ရွက်ရန် ညွှန်ကြားချက်များရှိပြီးဖြစ်သည့်   အတွက်အပေါ်အနွေးထည်အင်္ကျီ ကို ၀တ်ဆင်ဖြေဆိုခွင့်ပြုသင့်ပါ  ကြောင်း၊ စာဖြေသူကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာမေး ပွဲကို ပူပန်စိုးရိမ်မှုအရှိန်ကြောင့် လည်းကောင်း၊ အိပ်ရေးပျက်သည့်   အတွက်ကြောင့်လည်းကောင်း၊ ကျိုးတုံမြို့ရာသီဥတုအတွက်ကြောင့်  လည်းကောင်း၊ ခန္ဓာကိုယ်က ချမ်းစိမ့်စိမ့်ဖြစ်နေရာ အပေါ်အနွေး  ထည်အင်္ကျီကို ၀တ်ဆင်ဖြေဆိုခွင့်  ပြုပေးသင့်ကြောင်း ကျိုင်းတုံမြို့ နေလုပ်သားပြည်သူမိဘအပေါင်း  က သုံးသပ်ပြောဆိုနေကြကြောင်း  သိရသည်။


The Hot News Weekly Journal
 

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here