Monday, March 18, 2013

မိုင်းနောင်မြို့နယ်တွင်တောင်ယာခုတ်သူတောမီးလောင်ပြီးသေဆုံး

0 comments


မတ်(၁၈)

ရှမ်းပြည်နယ် မိုင်းနောင်မြို့နယ် နားကန်းကျေးရွာအုပ်စု နားလိုင်ကျေးရွာတွင် မတ်လ(၁၆) ရက်နေ့ နေ့လည်ပိုင်း က တောင်ယာလုပ်ကိုင်နေသူ အမျိုးသားတစ်ဦး တောမီးလောင်ပြီး သေဆုံး သွားခဲ့ကြောင်း သိရသည်။

နားမိုင်းကျေးရွာမှ ဦးစိုင်းဆန်စိန် အသက်(၂၉)နှစ်သည် မတ်လ(၁၆)ရက်နေ့ နေ့လည်ပိုင်း တွင် တောင်ယာခုတ် ထွင်နေစဉ် တောမီးများ ပတ်ပတ်လည်လောင်ကျွမ်းခဲ့ပြီး ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။ ဒဏ်ရာရရှိသွားသော ဦးစိုင်းဆန်စိန်အား အခြားတောင်ယာခုတ်သူများမှ စိုင်းနောင်မြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပြီး ဆေးကုသပေး ခဲ့သော်လည်း ညပိုင်းတွင် မီးလောင်ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here