Monday, March 18, 2013

မူဆယ်မြို့တွင် သိန်းသုံးထောင်ကျော်တန်ဖိုးရှိ WY စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ

0 comments
မတ်(၁၈)
 


ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့အ၀င် အေးရှားဝေါဂိတ်တွင် မတ်လ(၁၇)ရက်နေ့ ညပိုင်းတွင် WY စာတမ်း ပါ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။


မတ်လ(၁၇)ရက်နေ့ ညပိုင်းအချိန်တွင် မူဆယ်မြို့အ၀င် အေးရှားဝေါတိုးဂိတ်၌ တာဝန်ကျနေသော မူဆယ် မူးယစ်အဖွဲ့မှ ရဲအုပ် ဇော်မင်းသိန်းဦးစီးအဖွဲ့ဝင်များမှ သက်သေများနှင့်အတူ (၁၀၅)မိုင် ရွာဘက်မှ မူဆယ်မြို့ ဘက်သို့ စိုင်းဆမ်စော မောင်းနှင်းလာသော LIFAN – 125 အမျိုးအစား ဆိုင်ကယ်အား ရပ်တန့်ရှာဖွေရာမှ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

စိုင်းဆမ်စော မောင်းနှင်လာသည့် ဆိုင်ကယ်ထိုင်ခုံနောက်တွင် ဂျပ်ဖာစက္ကူဖြင့် ထည့်ထားသော Ai Tong တံဆိပ်ပါ Sound Box (၂)ခုအတွင်း ထည့်လာသော WY စာတမ်းပါ ပန်းရောင် စိတ်ကြွဆေးပြား(၁၄၆၀၀၀) ကျော် အလေးချိန်(၁၃)ဂရမ်ခန့်၊ ကာလတန်ဖိုးအားဖြင့် သိန်း(၃၀၀၀)ကျော် ဖိုးကို ဖမ်းဆီးနိုင်ခဲ့သည်။ မူးယစ် ဆေးဝါးများ တရားမ၀င်သယ်ဆောင်လာသူ စိုင်းဆမ်စော (ကြူကုတ်)မြို့နယ်ခွဲ နေထိုင်သူအား မူဆယ်ရဲစခန်းမှ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
 

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here