Monday, March 18, 2013

ရေလောင်းအိမ်သာခန်းအတွင်း အမျိုးသမီးတစ်ဦး မိမိကိုယ်ကို ဓါတ်ဆီလောင်း၍မီးရှို့သေဆုံး

0 comments
မတ်(၁၈)
တူနီးရှားနိုင်ငံမှ မိမိကိုယ်ကို မီးရှို့သတ်သေနေပုံ

၁၇-၃-၂၀၁၃ ရက်နေ့ ၀၀၃၅ အချိန် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ သုခသိဒ္ဓိရပ်ကွက်။ တိုက်အမှတ်(၄၃၁၇)၊ အခန်းအမှတ်(၂၃)တွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ နေပြည်တော် အမှတ်(၉)ရဲစခန်းမှ တပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးရာ သတင်းနှင့်နည်းပညာဝန်ကြီးဌာန၊ ဗဟိုစာတိုက်ကြီးမှ ဦးကျော်စွာမင်း၏ဇနီးဖြစ်သူ ဒေါ်ခင်သန်းထွေး(၃၃)နှစ်အား နေအိမ်တိုက်ခန်း အိမ်သာအတွင်း မီးလောင်ဒဏ်ရာများဖြင့်သေဆုံးနေသည်ကိုတွေ့ရှိရပြီး ၎င်း၏ခင်ပွန်းဖြစ်သူ ဦးကျော်စွာမင်းမှာ ဇနီးသည် မီးလောင်နေသည်ကို ငြှိမ်းသတ်စဉ် ၀ဲ/ယာလက်တို့တွင် မီးလောင် ဒဏ်ရာများရရှိခဲ့သဖြင့် နေပြည်တော်ကုတင်(၁၀၀၀)ဆေးရုံသို့ပို့အပ်ခဲ့ပြီး နေပြည်တော်အမှတ်(၉) ရဲစခန်းသေမှုသေခင်း အမှတ်စဉ် (၁/၂၀၁၃)ဖြင့် အမှုဖွင့်စစ်ဆေးခဲ့သည်။
စစ်ဆေးချက်အရ ဦးကျော်စွာမင်း၏ဇနီးဖြစ်သူ ဒေါ်ခင်သန်းထွေးမှာ နေအိမ်၌ ဈေးဆိုင်/ 

လက်လီဖွင့်လှစ်ရောင်းချပြီး ငွေကြေးလိုအပ်နေသဖြင့် လွန်ခဲ့သောတစ်ပတ်ခန့်က ငွေကျပ်(၆၅၀၀၀၀ိ/-)အား ပြင်ပမှချေးယူပေးခဲ့ကြောင်း၊ ရုံးသုံးဆိုင်ကယ်အတွက် ရေလောင်းအိမ်သာခန်း အတွင်းတွင် ဓါတ်ဆီ ရေသန့်ဗူး ၂ ဗူး ထည့်ထားကြောင်း၊ အခင်းဖြစ်နေ့ ၂၂၃၀ အချိန်တွင် ရေလောင်းအိမ်သာခန်း အတွင်းမှ အသံများကြားရသဖြင့် တံခါးအားဆောင့်ဖွင့်ရာ မီးတောက်များ အခန်းအပြင်သို့ထွက်လာပြီး ၎င်း၏လည်ပင်း၊ ရင်ဘတ်၊ ယာဘက်ခြေထောက်နှင့် လက်နှစ်ဘက်တို့တွင် မီးလောင်ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ ၎င်း၏ အော်ဟစ်အကူအညီတောင်းခံမှုကြောင့် မျက်နှာချင်းဆိုင်အခန်းနေ ဦးချိုနိုင်(၄၆) နှစ်မှ အခန်းတံခါးဖွင့်ခိုင်းသဖြင့် အခန်းတံခါးဖွင့်ပေးစဉ် နေအိမ်တိုက်ခန်းနေထိုင်သူများမှမီးသတ် ဆေးဗူးများဖြင့်ရောက်ရှိလာပြီး ၀ိုင်းဝန်းမီးငြှိမ်းသတ်သဖြင့် မီးငြိမ်းသွားခဲ့ပြီး ဒေါ်ခင်သန်းထွေးမှာ ရေလောင်းအိမ်သာခန်း အနောက်ဘက်နံရံတွင် ခေါင်းမှီ၍ မီးလောင် သေဆုံးနေကြောင်း တွေ့ရှိရသဖြင့် တိုက်အုပ်ဖြစ်သူ ဦးမင်းသန်းနိုင်မှ အမှတ်(၉)ရဲစခန်းသို့ တယ်လီဖုန်းဖြင့် အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ ထို့ပြင် သေဆုံးသူ ဒေါ်ခင်သန်းထွေးမှာ ပျဉ်းမနားမြို့၊ ကျောက်တော်ရပ်ကွက်ဇာတိဖြစ်ပြီး ၄င်း၏ခင်ပွန်းဖြစ်သူ ဦးကျော်စွာမင်းမှာ ပျဉ်းမနားမြို့၊ ရန်အောင်(၂)ရပ်ကွက်နေသူဖြစ်ကြောင်း၊ ၄င်းတို့တွင် အသက်(၅)နှစ်အရွယ်ခန့်ရှိ သားတစ်ဦး ရှိကြောင်း၊ ၎င်းတို့လင်မယားရန်ဖြစ်သည်ကို တွေ့မြင်ကြားသိခဲ့ရခြင်းမရှိကြောင်း ပတ်ဝန်းကျင် သက်သေများ၏ ပြောပြချက်အရ သိရှိရပြီး မှုခင်းဆရာဝန်ကြီး၏ ရင်ခွဲစစ်ဆေးချက်အရ သေဆုံးသူ ဒေါ်ခင်သန်းထွေးတွင် မီးလောင်ဒဏ်ရာမှအပ အခြားဒဏ်ရာများ တွေ့ရှိရခြင်းမရှိကြောင်းနှင့် မသေဆုံးမီ အသက်ရှူလမ်းကြောင်းမှတဆင့် အဆုတ်ထဲသို့ မီးခိုးငွေ့များဝင်ရောက်ပြီး သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

 
ရဲဇာနည်

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here