Monday, March 18, 2013

အမေရိကန်နိုင်ငံ အင်ဒီယားနားပြည်နယ်မှာ ဂျက်လေယျာဉ်ငယ်တစ်စီး အိမ်တွေဆီဝင်တိုက်ပျက်ကျ

0 comments
မတ်(၁၈)

မနေ့က တနင်္ဂနွေနေ့ မွန်းလွဲပိုင်းမှာ အင်ဒီယားနားပြည်နယ် ဆောက်ဘန်း မြို့မှာ ဂျက်လေယျာဉ်ငယ်တစ်စီးပျက်ကျပြီး အနည်းဆုံး လူ ၂ ဦး သေဆုံးခဲ့ပါတယ်။

FAA ရဲ့ ပြောပြချက်အရ ဆောက်ဘန်းလေယျာဉ်ကွင်းဆင်းသက်ချိန်မှာ လျှပ်စစ်ပိုင်းဆိုင်ရာ ချို့ရွင်းမှုကြောင့်လို့ သိရပါတယ်။ Okla ပြည်နယ် Tulsa မြို့ကနေ ထွက်ခွာခဲ့တာဖြစ်ပြီး ဆောက်ဘန်းလေယျာဉ်ကွင်းကို ချဉ်းကပ်ဖို့အကြိမ်ကြိမ်ကြိုးစားရင် နောက်ဆုံးမှာ စက်ရပ်သွားပြီး နီးရာ အိမ်တွေဆီကို ထိုးဆင်းခဲ့ရပါတယ်လို့ FAA ကပြောပါတယ်။
ဌာနဆိုင်ရာကတော့ အိမ်တွေထဲကလူတွေရဲ့ ထိခိုက်ဒဏ်ရာနဲ့အသေအပြောက်စာရင်းကိုတော့ ပြောပြဖို့ ငြင်းပယ်ခဲ့ပါတယ်။ တနင်္ဂနွေနေ့ည ဆောက်ဘန်းမီးသတ်ဌာနက John Corthier ရဲ့ပြောပြချက်အရ တိုက်ခံရတဲ့ အိမ်တွေထဲက တချို့ကတော့ အသက်ရှင်ကျန်နေခဲ့တယ်လို့သိရပါတယ်။
ပျက်ကျတဲ့နေရာမှာ မီးလောင်မှုမရှိခဲ့ပါဘူး ဒါပေမယ့် ဂက်စ်ယိုစိမ့်မှုကိုတွေ့ရပါတယ်။ ဒါကြောင့် အန္တရာယ်ရှိတဲ့ ဒေသကနေစွန့်ခွာဖို့အတွက် လှုံ့ဆော်ခဲ့ပါတယ်။ လေယျာဉ်ပျက်ကျပြီးနောက် ၎င်းဒေသဆေးရုံမှာ လူ ၄ ဦးသယ်ဆောင်သွားတယ်လို့ ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။

by 

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here