Sunday, March 17, 2013

မြစ်ကြီးနားတွင် ၁၅.၃၅၁ဧက ကျယ်သောကျောက်ဝိုင်း ဖွင့်လှစ်မည်

0 comments
မတ်(၁၇)
Photo: မြစ်ကြီးနားတွင် ၁၅.၃၅၁ဧက ကျယ်သော
ကျောက်ဝိုင်း ဖွင့်လှစ်မည် 

ရန်ကုန်၊မတ် ၁၆။

မြစ်ကြီးနားမြို့ တွင် ၁၅.၃၅၁ ဧက ကျယ်ဝန်းသော
ကျောက်ဝိုင်းဖွင့်လှစ်ရန်စီစဉ်လျက်ရှိပြီး အောက်တို
ဘာလခန်မ့တွင် ဖွင့်လှစ်နိုင်ရန် စီစဉ် လျက်ရှိကြောင်း
မြစ်ကြီးနားမြို့  ကျောက်မျက်လုပ်ငန်းရှင်များ အသင်း အထွေထွေအတွင်းရေးမှူး (၂) ဦးသောင်းကြည်က
ပြောကြားသည်။

မြေဧက ၁၅.၅၃၁ဧက အကျယ်ရှိသော မြေကွက်ပေါ်တွင် ဇုန်၎ဇုန်ခွဲကာ ကျောက်မျက်ဆိုင်ခန်းများကိုတည်ဆောက်
မည်ဖြစ်ပြီး ပထမခြေ လှမ်းအနေဖြင့် ဇုန် ၁ ကို စတင်ဖွင့်
လှစ်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

“အခုကျောက်ဝိုင်းအတွက် က မြေဧက ၁၅.၃၅၁ဧက 
ဝယ်ပြီးပြီ ဇုန် ၄ဇုန်ခွဲပြီးဆိုင်ခန်းတွေဖွင့်မယ်။ ပထမခြေ
လှမ်း အနေနဲ့ ဇုန် ၁ကို စပြီး ဆောက်ဖို့ စီစဉ်နေပြီ။ ဇုန် 
၁ မှာ ဆိုင်ခန်းပေါင်း ၁၄၁ ခန်းပါမယ်။ မတ်လအကုန် 
ဧပြီလဆန်းလောက်မှာ ပန္နက်ရိုက်ပွဲကို လုပ်နိုင်ဖို့စီစဉ်
နေတယ်။ လက်ရှိကတော့ ပေ ၆၀၀ ရှည်တဲ့ ရေနှုတ်
မြောင်းဖောက်ပြီးပြီ။ ၂၅ ပေကျယ်တဲ့ ကွန်ကရစ်တံတား 
၂စင်းဆောက်ပြီး အတွင်းပတ် လမ်းကို ပေ ၄၀ အကျယ် သဲကျောက်ချောလမ်းခင်းတာတွေ လုပ်နေတယ်” ဟု 
ဦးသောင်းကြည်က ပြောကြားသည်။

အဆိုပါ ကျောက်ဝိုင်းရှိ ဇုန် ၁ တွင် ဆိုင်ခန်းပေါင်း 
၁၄၁ ခန်းပါဝင်မည်ဖြစ်ပြီး RC တစ်ထပ်ခွဲ ဆိုင်ခန်းများ
ကို တည်ဆောက် မည်ဖြစ်ကြောင်း၊ ကျောက်ဝိုင်း၏ 
အဓိက မိန်းလမ်းပေါ်တွင်ရှိသော ဆိုင်ခန်းများအတွက် 
၁၄ပေxပေ၂၀ ဆိုင်ခန်းများအတွက် သိန်း ၃၀၀ကျပ်၊
၁၂ပေx၂၀ ဆိုင် ခန်းများအတွက် သိန်း ၃၂၀ အဖြစ်
လည်းကောင်း၊ အတွင်းပတ်လမ်းများတွင်ရှိသော 
၁၂ပေx၂၀ပေ ဆိုင်ခန်းများအတွက် သိန်း ၂၅၀ ကျပ်
အဖြစ် ဆိုင်ခန်းဈေးနှုန်းများကို သတ်မှတ်ထားကြောင်း၊ 
ယခုအခါ ဆိုင်ခန်း ၁၀၀ကျော်ကို ကြိုပွိုင့်စနစ်ဖြင့် ရောင်း ချထားပြီးဖြစ်ကြောင်း ပထမ အရစ် ၅၀%ကို ဆိုင်ခန်း ၀ယ်ယူသူများမှ ပေးသွင်းထားပြီးဖြစ်ကြောင်း၊ ဆိုင်ခန်း
အကြမ်းပြီးစီးချိန်တွင် ၂၅% ပေးသွင်းရမည်ဖြစ်ပြီး ဆိုင်ခန်း
အချောသတ်ပြီးစီးချိန်တွင် ကျန် ၂၅%ကို ပေးချေရန် သတ်မှတ်ပေးထားကြောင်း သိရသည်။

“မြစ်ကြီးနားကျောက်ဝိုင်းသာ ပေါ်လာရင် မန္တလေး၊
စစ်ကိုင်းတို့ဘက်က တခြားကျောက်ဝိုင်းတွေအတွက်
လည်း ပိုကောင်းသွားမှာ ဖြစ်သလို ပြည်နယ်သူ ပြည်နယ်
သားတွေအတွက်လည်း အလုပ်အကိုင် အခွင့်အလမ်းတွေ
ပိုရလာမှာပါ။ ဒီမှာက မိရိုးဖလာ ကျောက်လုပ်ငန်းလုပ်ကျ
တဲ့ လူတွေဆိုတော့ ကျောက်ဝိုင်းပေါ်လာတော့ ပိုကောင်း
တာပေါ့” ဟုကျောက်မျက်ကုန်သည် ဦးဇေလွမ်းက
ပြောကြားသည်။

“အရင်တုန်းက ကုန်ကြမ်းတွေပဲ ပြည်ပကိုပို့တာ အခု
ကျောက်ဝိုင်းသာဖွင့် ပြီးရင် ကုန်ကြမ်းကနေ ကုန်ချော
ထုတ်ပြီး လုပ်နိုင်တော့မှာဆိုတော့ နိုင်ငံတောဘဏ္ဍာငွေ
တွေလည်း ပိုတိုးပြီးရလာမယ်လို့မျှော်လင့်တယ်။ အလုပ် လက်မဲ့တွေလည်းအလုပ်ရရှိလာမယ်။  တရုတ်ပြည်ဈေး
ကွက်ကို လည်း ထိုးဖောက်မှာပါ။ အရင်ကဆို တရုတ် ဘက်ကို အောက်ဈေးတွေနဲ့ ရောင်းနေရတာဆိုတော့ 
အများကြီးနစ်နာတယ် အခုလို ဖွင့်လိုက်တော့ အလေ
အလွင့် မရှိတော့ဘူးပေါ့” ဟု အထွေထွေအတွင်းရေးမှူး 
၂ ဦးသောင်းကြည်က ပြောကြားသည်။

ယခုအခါကျောကဝိုင်းမှ ဆိုင်ခန်းများကို တည်ဆောက်ရန်
ဆောက်လုပ်ရေးလုပ်ငန်း ၄ခုကို တင်ဒါခေါ်ထားကြောင်း၊
ကျောက်ဝိုင်းဖွင့်လှစ်ရန် စီစဉ်လျက်ရှိသော်လည်း ပြည်
ထောင် စုသတ္တုတွင်းဝန်ကြီးဌာနမှ ဖားကန့် - မြစ်ကြီးနား
ကျောက်သယ်ယူခွင့်မပေးခြင်းနှင့် မြစ်ကြီးနား ကျောက်မျက် လုပ်ငန်းရှင်များအား လုပ်ငန်းလိုင်စင် မချပေးခြင်းတို့ကြောင့် အခက်အခဲတချို့  ရှိနေကြာင်း သိရသည်။

ဆုဝေ

မြစ်ကြီးနားမြို့ တွင် ၁၅.၃၅၁ ဧက ကျယ်ဝန်းသောကျောက်ဝိုင်းဖွင့်လှစ်ရန်စီစဉ်လျက်ရှိပြီး အောက်တို
ဘာလခန်မ့တွင် ဖွင့်လှစ်နိုင်ရန် စီစဉ် လျက်ရှိကြောင်းမြစ်ကြီးနားမြို့ ကျောက်မျက်လုပ်ငန်းရှင်များ အသင်း အထွေထွေအတွင်းရေးမှူး (၂) ဦးသောင်းကြည်ကပြောကြားသည်။

မြေဧက၁၅.၅၃၁ဧကအကျယ်ရှိသော မြေကွက်ပေါ်တွင်ဇုန်၎ဇုန်ခွဲကာ ကျောက်မျက်ဆိုင်ခန်းများကို
တည်ဆောက်မည်ဖြစ်ပြီး ပထမခြေ လှမ်းအနေဖြင့် ဇုန် ၁ ကို စတင်ဖွင့်လှစ်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

“အခုကျောက်ဝိုင်းအတွက် က မြေဧက ၁၅.၃၅၁ဧက ၀ယ်ပြီးပြီ ဇုန် ၄ဇုန်ခွဲပြီးဆိုင်ခန်းတွေဖွင့်မယ်။ ပထမခြေလှမ်း အနေနဲ့ ဇုန် ၁ကို စပြီး ဆောက်ဖို့ စီစဉ်နေပြီ။ ဇုန် ၁ မှာ ဆိုင်ခန်းပေါင်း ၁၄၁ ခန်းပါမယ်။ မတ်လအကုန် ဧပြီလဆန်းလောက်မှာ ပန္နက်ရိုက်ပွဲကို လုပ်နိုင်ဖို့စီစဉ်နေတယ်။ လက်ရှိကတော့ ပေ ၆၀၀ ရှည်တဲ့ ရေနှုတ်မြောင်းဖောက်ပြီးပြီ။ ၂၅ ပေကျယ်တဲ့ ကွန်ကရစ်တံတား ၂စင်းဆောက်ပြီး အတွင်းပတ် လမ်းကို ပေ ၄၀ အကျယ်သဲကျောက်ချောလမ်းခင်းတာတွေလုပ်နေတယ်”ဟုဦးသောင်းကြည်က ပြောကြား
သည်။

အဆိုပါ ကျောက်ဝိုင်းရှိ ဇုန် ၁ တွင် ဆိုင်ခန်းပေါင်း ၁၄၁ ခန်းပါဝင်မည်ဖြစ်ပြီး RC တစ်ထပ်ခွဲ ဆိုင်ခန်းများ
ကို တည်ဆောက် မည်ဖြစ်ကြောင်း၊ ကျောက်ဝိုင်း၏ အဓိက မိန်းလမ်းပေါ်တွင်ရှိသော ဆိုင်ခန်းများအတွက်
၁၄ပေxပေ၂၀ ဆိုင်ခန်းများအတွက် သိန်း ၃၀၀ကျပ်၊၁၂ပေx၂၀ ဆိုင် ခန်းများအတွက် သိန်း ၃၂၀ အဖြစ်
လည်းကောင်း၊ အတွင်းပတ်လမ်းများတွင်ရှိသော ၁၂ပေx၂၀ပေ ဆိုင်ခန်းများအတွက် သိန်း ၂၅၀ ကျပ်
အဖြစ် ဆိုင်ခန်းဈေးနှုန်းများကို သတ်မှတ်ထားကြောင်း၊ ယခုအခါဆိုင်ခန်း၁၀၀ကျော်ကိုကြိုပွိုင့်စနစ်ဖြင့်
 ရောင်း ချထားပြီးဖြစ်ကြောင်း ပထမ အရစ် ၅၀%ကိုဆိုင်ခန်းဝယ်ယူသူများမှ ပေးသွင်းထားပြီးဖြစ်ကြောင်း၊
ဆိုင်ခန်းအကြမ်းပြီးစီးချိန်တွင်၂၅% ပေးသွင်းရမည်ဖြစ်ပြီး ဆိုင်ခန်းအချောသတ်ပြီးစီးချိန်တွင် ကျန် ၂၅%ကို ပေးချေရန် သတ်မှတ်ပေးထားကြောင်း သိရသည်။

“မြစ်ကြီးနားကျောက်ဝိုင်းသာ ပေါ်လာရင် မန္တလေး၊စစ်ကိုင်းတို့ဘက်က တခြားကျောက်ဝိုင်းတွေအတွက်
လည်းပိုကောင်းသွားမှာ ဖြစ်သလို ပြည်နယ်သူ ပြည်နယ်သားတွေအတွက်လည်းအလုပ်အကိုင်အခွင့်
အလမ်းတွေပိုရလာမှာပါ။ဒီမှာကမိရိုးဖလာ ကျောက်လုပ်ငန်းလုပ်ကျတဲ့လူတွေဆိုတော့ ကျောက်ဝိုင်းပေါ်
လာတော့ ပိုကောင်းတာပေါ့” ဟုကျောက်မျက်ကုန်သည် ဦးဇေလွမ်းကပြောကြားသည်။

“အရင်တုန်းက ကုန်ကြမ်းတွေပဲ ပြည်ပကိုပို့တာ အခုကျောက်ဝိုင်းသာဖွင့် ပြီးရင် ကုန်ကြမ်းကနေ ကုန်ချော
ထုတ်ပြီး လုပ်နိုင်တော့မှာဆိုတော့ နိုင်ငံတောဘဏ္ဍာငွေတွေလည်း ပိုတိုးပြီးရလာမယ်လို့မျှော်လင့်တယ်။ အလုပ် လက်မဲ့တွေလည်းအလုပ်ရရှိလာမယ်။ တရုတ်ပြည်ဈေးကွက်ကို လည်း ထိုးဖောက်မှာပါ။ အရင်ကဆို တရုတ် ဘက်ကို အောက်ဈေးတွေနဲ့ ရောင်းနေရတာဆိုတော့ အများကြီးနစ်နာတယ် အခုလို ဖွင့်လိုက်တော့အလေအလွင့်မရှိတော့ဘူးပေါ့”ဟုအထွေထွေအတွင်းရေးမှူး၂ဦးသောင်းကြည်က ပြောကြား
သည်။

ယခုအခါကျောကဝိုင်းမှဆိုင်ခန်းများကိုတည်ဆောက်ရန်ဆောက်လုပ်ရေးလုပ်ငန်း၎ခုကိုတင်ဒါခေါ်
ထားကြောင်း၊ကျောက်ဝိုင်းဖွင့်လှစ်ရန် စီစဉ်လျက်ရှိသော်လည်း ပြည်ထောင် စုသတ္တုတွင်းဝန်ကြီးဌာနမှ ဖားကန့်- မြစ်ကြီးနားကျောက်သယ်ယူခွင့်မပေးခြင်းနှင့် မြစ်ကြီးနား ကျောက်မျက်လုပ်ငန်းရှင်များအားလုပ်
ငန်းလိုင်စင်မချပေးခြင်းတို့ကြောင့် အခက်အခဲတချို့  ရှိနေကြာင်း သိရသည်။ 
The Myanma Age
 


Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here