Monday, March 18, 2013

ကမ္ဘာအေး ဘုရားလမ်း လမ်းနီ မှတ်တိုင်အနီးတွင် ယာဉ်တိုက်မှု ဖြစ်ပွား အမျိုးသမီးတစ်ဦး ပွဲခြင်းပြီးသေဆုံး

0 comments
မတ်(၁၈)

Photo: ကမ္ဘာအေး ဘုရားလမ်း လမ်းနီ မှတ်တိုင်အနီးတွင် ယာဉ်တိုက်မှု ဖြစ်ပွား ================================ အမျိုးသမီးတစ်ဦး ပွဲခြင်းပြီးသေဆုံး ================================  အောင်သက်ကို ၊ သတင်းဓာတ်ပုံ (ရဲနောင် - ဖယ်ခုံ)  မတ်လ ၁၇ ရက်နေ့ ည ၈နာရီခွဲခန့်က ကမ္ဘာအေး ဘုရားလမ်း လမ်းနီ မှတ်တိုင်အနီးတွင် လမ်းဖြတ်ကူးသည့် အမျိုးသမီးတစ်ဦးကို အဌားယာဉ် တစ်စီးမှ ၀င်ရောက်တိုက်မိမှု ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။  ဖြစ်စဉ်မှာ အဆိုပါ အမျိုးသမီးသည် ၄င်း၏ အမျိုးသားဖြစ်သူ နှင့်အတူ တစ်ဖက်ကားလမ်းသို့ ကူးဖြတ်စဉ် လမ်းလယ်တွင် ရပ်စောင့်နေစဉ် ကမ္ဘာအေး ဘုရားလမ်း အတိုင်း မောင်းနှင်လာသည့် အဌားယာဉ် တစ်စီးမှ အရှိန်မထိန်းနိုင်ဘဲ ၀င်ရောက်တိုက်မိခဲ့ခြင်းဖြစ်သည်။ ယင်းဖြစ်ရပ်ကြောင့် အဆိုပါ အမျိုးသမီးမှာ နေရာ၌ပင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။  ယာဉ်တိုက်မှု ဖြစ်ပွားရာအနီးမှ မျက်မြင်တွေ့ရှိသူ အခြားအဌားယာဉ်မောင်းတစ်ဦးက " လင်မယား နှစ်ယောက် လမ်းဖြတ်ကူးတာ မောင်းလာတဲ့ကားက မီးမကောင်းလို့လား မသိဘူး ၊ အရှိန်တော့ တော်တော်ပြင်းတယ် အဲဒီ အမျိုးသမီးကိုတိုက်မိသွားတယ် ၊ ယာဉ်မောင်းကိုလည်း အဲဒီနေရာမှာပဲ ဖမ်းမိသွားတယ် " ဟု ပြောသည်။  ယာဉ်တိုက်မှု ကြောင့် အဌားယာဉ်မောင်းကို အဆိုပါနေရာ၌တွင် သက်ဆိုင်ရာမှ ဖမ်းဆီး မိခဲ့ပြီး သေဆုံးသွား သည့် အမျိုးသမီးရုပ်အလောင်း ကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး သို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။  Yangon Media Group 
 
မတ်လ ၁၇ ရက်နေ့ ည ၈နာရီခွဲခန့်က ကမ္ဘာအေး ဘုရားလမ်း လမ်းနီ မှတ်တိုင်အနီးတွင် လမ်းဖြတ်ကူးသည့် အမျိုးသမီးတစ်ဦးကို အဌားယာဉ် တစ်စီးမှ ၀င်ရောက်တိုက်မိမှု ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ အဆိုပါ အမျိုးသမီးသည် ၄င်း၏ အမျိုးသားဖြစ်သူ နှင့်အတူ တစ်ဖက်ကားလမ်းသို့ ကူးဖြတ်စဉ် လမ်းလယ်တွင် ရပ်စောင့်နေစဉ် ကမ္ဘာအေး ဘုရားလမ်း အတိုင်း မောင်းနှင်လာသည့် အဌားယာဉ် တစ်စီးမှ အရှိန်မထိန်းနိုင်ဘဲ ၀င်ရောက်တိုက်မိခဲ့ခြင်းဖြစ်သည်။ ယင်းဖြစ်ရပ်ကြောင့် အဆိုပါ 

အမျိုးသမီးမှာ နေရာ၌ပင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

ယာဉ်တိုက်မှု ဖြစ်ပွားရာအနီးမှ မျက်မြင်တွေ့ရှိသူ အခြားအဌားယာဉ်မောင်းတစ်ဦးက " လင်မယား နှစ်ယောက် လမ်းဖြတ်ကူးတာ မောင်းလာတဲ့ကားက မီးမကောင်းလို့လား မသိဘူး ၊ အရှိန်တော့ တော်တော်ပြင်းတယ် အဲဒီ အမျိုးသမီးကိုတိုက်မိသွားတယ် ၊ ယာဉ်မောင်းကိုလည်း အဲဒီနေရာမှာပဲ ဖမ်းမိသွားတယ် " ဟု ပြောသည်။

ယာဉ်တိုက်မှု ကြောင့် အဌားယာဉ်မောင်းကို အဆိုပါနေရာ၌တွင် သက်ဆိုင်ရာမှ ဖမ်းဆီး မိခဲ့ပြီး သေဆုံးသွား သည့် အမျိုးသမီးရုပ်အလောင်း ကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး သို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

Yangon Media Group

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here