Sunday, April 7, 2013

မဇ္ဈိမ လူမှုကူညီရေးအသင်းမှ ဆေးရုံအတွင်း မြက်ရိတ်၊ ရေတွင်းဆယ်

0 comments
ဧပြီ(၇)
ယနေ့ နံနက်(၈း၃၀)နာရီက မဇ္ဈိမလူမှုကူညီရေးအသင်းမှ ဥက္ကဌ ဦးတင့်ဆွေ အပါအ၀င် အသင်းသူ အသင်းသားများ စုံလင်စွာဖြင့် အပတ်စဉ်တနင်္ဂနွေနေ့တိုင်း ပြုလုပ်လေ့ရှိသည့် သန့်ရှင်းရေးကို တာချီလိတ်မြို့ ပြည်သူ့ဆေးရုံမှာ ပြုလုပ်ခဲ့ကြတာဖြစ်ပါသည်။

ဆေးရုံအတွင်း မြက်ရှင်းမှုများ၊ အိမ်သာအတွင်း သန့်ရှင်းရေးဆောင်ရွက်မှုများ နဲ့
ဆေးရုံရှိ ရေတွင်းများအနက် အ၀င်ပေါက်မှာ ရှိသော ရေတွင်းအား လူငှားခေါ်ယူကာ ရေများကို စုပ်ထုတ်ခြင်း နဲ့ ရေတွင်းထဲရှိ အမှိုက်များ ဆယ်ယူခြင်းများကို ဆောင်ရွက်ခဲ့ကြပါသည်။

ဆက်လက်ပြီး ဆေးရုံအုပ်ကြီး ဒေါက်တာ စောလွင်၏ ခွင့်ပြုအချက်အရ ဥက္ကဌကြီး ဦးတင့်ဆွေ၏
စေတနာဖြင့် ဆေးရုံအတွင်း အမှိုက်များ မပြန့်ကျဲနေစေရန်နဲ့ စနစ်တကျဖြစ်စေရန်အတွက် အမှိုက်ပုံများထားရှိရေးပြင် အိမ်သာအတွက် ရေအသွားအလာ နဲ့ အညစ်အကြေးများ စီးမျှောမှု ကောင်းမွန်စေရန်အတွက် ရေပိုက်များဖြင့် ပြုပြင်မှုများပြုလုပ်ရန်အတွက်လည်း စီစဉ်ခဲ့ပါသည်။

ရှေ့လာမဲ့ အပတ်ထဲမှာလည်း ယခုကဲ့သို့ ဆောင်ရွက်သွားမှာဖြစ်ပါသည်။ သို့မှသာ ဆေးရုံအတွင်း ခြင်များ ကင်းဝေးနိုင်ပြီး သန့်ရှင်းသွားနိုင်မှာဖြစ်ကြောင်း ယူဆရပါသည်။
 
မဇ္ဈိမလူမှုကူညီရေးအသင်း - တာချီလိတ်မြို့

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here