Sunday, April 7, 2013

မဇ္ဈိမလူမှုကူညီရေးအသင်းမှ မြို့မသုဿန်အတွင်းရှိ မီးသင်္ဂြိုဟ်သည့် အုတ်ခုံ(၂)ခုံအနက် အုတ်ခုံ(၁)ခုံအား အသစ်ပြန်လည်ဆောက်လုပ်လှူဒါန်း

0 comments
ဧပြီ(၇)




 တာချီလိတ်မြို့၊ မြို့မသုဿန်အတွင်းရှိ မီးသင်္ဂြိုဟ်သည့် အုတ်ခုံ(၂)ခုံအနက် တစ်ခုမှာ ပျက်စီးယိုယွင်းမှုများရှိနေသည့်အတွက် မဇ္ဈိမ လူမှုကူညီရေးအသင်းမှ ပျက်စီးနေသော အုတ်ခုံတစ်လုံးအား ဖျက်၍ အသစ်ပြန်လည်ဆောက်လုပ်ရန်အတွက် ယနေ့(၇.၄.၂၀၁၃) နေ့လည်က မဇ္ဈိမ လူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေနှင့် အသင်းသား/သူများသွားရောက်ကြည့် ရှုခဲ့ကြပါ သည်။

အဆိုပါသုဿန်အား ယခုနေရာမှာအခြားနေရာသို့ ပြောင်းရွေ့မည်ဖြစ်သော်လည်းလောလောဆယ် မှာ  ပြောင်းရွေ့ ရက်ကို အတိအကျမသိရှိရသေးပေ။ ထို့အတွက် မပြောင်းရွေ့မီ လတ်တလောမှာ လူသေရုပ်လောင်းများကို အဆင်ပြေစွာ မီးရှို့နိုင်ရန်အတွက် ယခုလို အုတ်ခုံသစ် ပြန်လည်ဆောက် လုပ်သာဖြစ်ပါသည်။
အုတ်ခုံအသစ်ကို မနက်ဖြန်မှာ စတင်ဆောက်လုပ်မှာဖြစ်ပြီး နှစ်ဆန်းတစ်ရက်နေ့အပြီးသတ် မှတ်ကာ ဆောက် လုပ်မှာဖြစ်ပါသည်။ အုတ်ခုံသစ်ဆောက်လုပ်ပြီးစီးသွားပါက အလှူရှင်စာရင်း များကို ကြေငြာပေးသွားပါမည်။
 
 မဇ္ဈိမလူမှုကူညီရေးအသင်း - တာချီလိတ်မြို့
 

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here