Saturday, April 6, 2013

ယမကာသမားများ၏ အသည်းပျက်စီးမှုကို ကာကွယ်ပေးနိုင်မည့် ကော်ဖီ

0 comments
ဧပြီ(၆)
ကော်ဖီသောက်သုံးခြင်းသည် ယမကာမှီဝဲမှုကို ခုံမင်သူများ၏ အသည်းပျက် စီးမှုကို ကာကွယ်ပေးနိုင်မည်ဖြစ်ကြောင်း သုတေသနတစ်ရပ်တွင် ဖော်ပြ ထားသည်။ အဆိုပါ သုတေသနသည် အသက် ၂၅နှစ်မှ ၇၄နှစ်အတွင်းရှိ ဖင်လန်နိုင်ငံသား အမျိုးသား ၁၉၀၀၀ ကျော်တွင် လေ့လာမှုပြုခဲ့ခြင်းဖြစ် သည်။

သုတေသနကို ဦးဆောင်ပြုလုပ်သော University of Tempere မှ သုတေသီ Dr. Onni Niemeta ကတွေ့ရှိမှုအရ ယမကာသောက်သုံးသူများတွင် ကော်ဖီ
က ကောင်းကျိုးဖြစ်ထွန်းမှုရှိကြောင်း လေ့လာမှုတွင် ပါဝင်သူများ၏ သွေးတွင်း
ဝယ် အသည်းအင်ဇိုင်းဖြစ်သော gamma-glutamyl transferase, GGT၏ ပမာဏသည် ယမကာမှီဝဲသူများတွင် မြင့်တက်နေကြောင်း အဆိုပါ အင်ဇိုင်း
များပြားနေခြင်းသည် အချိန်ကြာမြင့်စွာ အရက်သောက်သုံးသူများတွင်အ
သည်းရောဂါဖြစ်စေကြောင်း သိ၇ှိရသည်။

GGT ပမာဏမြင့်တက်ခြင်းသည်ယမကာသာမက ဆေးလိပ်သောက်သုံးခြင်း၊ အသက်အရွယ်အလွန်ခြင်းတို့နှင့်လည်းသက်ဆိုင်နေကြောင်း ဖော်ပြထား
သည်။ ယခုသုတေသနတွင် ကော်ဖီသောက်သုံးခြင်းသည်သာ အသည်းရော
ဂါကို ကာကွယ်နိုင်ခြင်းဖြစ်ပြီး မည်သည့်ကော်ဖီ အမျိုးအစား၊ မည်ကဲ့သို့ ဖော်
စပ်သည်ဆိုခြင်းက သက်ရောက်မှုမရှိကြောင်း ဖော်ထုတ်နိုင်ခဲ့သည်.။

ယခုလေ့လာမှုကို Journal Alcohol and Alcoholism တွင် ပုံနှိပ်ဖော်ပြ
ထားခြင်းဖြစ်သည်။

Health Updates Journal

ငြိမ်းအေး
ref: PTI
Health Updates Journal

Re-Post By ACM 6-4-2013
အေးချမ်းမွန် Credit & Copy From ><< Thank

Leave a Reply

Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here