Saturday, April 6, 2013

တအာင်း တိုင်းရင်းသားများ ရွှေဖီခူးရန် အခက်ကြုံနေ

0 comments
ဧပြီ(၆)




ရှမ်းပြည်နယ်မြောက်ပိုင်း မန်တုံမြို့နယ်နှင့် ကွတ်ခိုင်မြို့နယ်တို့တွင် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA တပ်စခန်းများနှင့် အစိုးရတပ်ဖွဲ့တို့မှာ အလွန်နီး ကပ်နေသောကြောင့် မကြာမီ တိုက်ပွဲများ ဖြစ်ပွားလာမှာကို ဒေသခံများမှ စိုးရိမ်နေပြီး ရွှေဖီခူးရန်အခက် ကြုံနေကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

“ခုချိန်က ရွှေဖီခူးချိန်လေ၊ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်အဖွဲ့တွေနဲ့ အစိုးရတပ်က အဖွဲ့ တွေသွားလာနေကြတော့ ကျွန်တော်တို့လည်း အခြေအနေစောင့်ကြည့်နေကြတယ်။ တိုက်ပွဲတွေဖြစ်ရင် ကျွန်တော်တို့ရွာသားတွေပဲကြားထဲက ဒဏ်ရာတွေ ရကြမှာ၊ ရွှေဖီစိုက်ထား တဲ့တောင်ယာတွေကို မသွားရဲဘူး ဖြစ်နေတယ်၊ ရွှေဖီမခူးရရင်တော့ စားဝတ်နေရေး အဆင် မပြေဖြစ်ပြီပေါ့၊ စားဝတ်နေရေးထက် အသက်အန္တရာယ် မရှိဖို့က အရေးကြီးတယ်မို့လား၊ ဒီတော့ ကျွန်တော်တို့ ဒေသမှာ တိုက်ပွဲတွေမဖြစ်အောင် နှစ်ဦးနှစ်ဖက် ပြေလည် မယ့် နည်းလမ်းစဉ်းစားစေ ချင်တာပေါ့ဗျာ”ဟု ဒေသခံရွာသားတစ်ဦးက ပြောပြသည်။



တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA သည် ၂၀၁၂ ခုနှစ် သြဂုတ်လမှစပြီး ဘိန်းတိုက်ဖျက်ရေး အစီအစဉ်ဖြင့် တအာင်းနယ်မြေဒေသသို့ ၀င်ရောက်လှုပ်ရှားလာခဲ့ ခြင်းဖြစ်သည် ဟု သိရှိရသည်။ အစိုးရနှင့် ပလောင်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PSLA တို့ ၁၉၉၁ ခုနှစ်က အပစ်အခတ်ရပ်စဲရေး ရယူ ခဲ့ပြီးနောက် ၁၉၉၃ ခုနှစ်တွင် ပလောင်ပြည် လွတ်မြောက်ရေးတပ်ဦး PSLF ကိုပြန်လည်ထူထောင်ပြီး တအာင်း အမျိုးသားရေးအတွက် ဆက်လက်တိုက်ပွဲဝင်ခဲ့ကြသည်။ သို့သော် ၂၀၀၅ ခုနှစ်တွင် PSLF က အစိုးရထံ လက်နက်နှင့် ငြိမ်းချမ်းရေးလဲလှယ်ခဲ့သောကြောင့် ၂၀၁၁ ခုနှစ်တွင် တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA တပ်ဖွဲ့ကို ဖွဲ့စည်းခဲ့သည်ဟု သိရှိ ရသည်။ ဒေသခံတအာင်း တိုင်းရင်းသားများမှ ရွှေဖီခူးချိန်တွင် ရွှေဖီခူးရန် အခက်ကြုံနေ သောကြောင့် တိုက်ပွဲများဖြစ်ပွားမှာကို စိုးရိမ်ထိတ်လန့်နေကြရသည်ဟု သိရှိရ ပါသည်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here