Saturday, April 6, 2013

အထက် ရဲရွာ ရေအား လျှပ်စစ် စီမံကိန်း ပြီးစီး ပါက လျှပ်စစ် ဓာတ်အား ၂၈ဝ မဂ္ဂါဝပ် ထုတ်လုပ် ပေးနိုင်မည်

0 comments
ဧပြီ(၆)
လျှပ်စစ် စွမ်းအား ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်စိုးသည် ဧပြီ ၄ရက်က ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့ တောင်ဘက် မိုင် ၂ဝ ခန့် အကွာ

ရှိ မြစ်ငယ် မြစ်ပေါ်၌ အကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိသည့် အထက် ရဲရွာ ရေအား လျှပ်စစ် စီမံကိန်း၏ ချဉ်းကပ် လမ်းများ ဖောက်လုပ် ထားမှု၊ မြစ်ကူး တံတား တည်ဆောက် ထားရှိမှု၊ ရေလွှဲ ဥမင်လိုဏ် အထွက် ပိုင်း၌ မြေကြီး ကျောက်သားများ တူးဖော် နေမှု၊ ကျောက်သားများ ကြံ့ခိုင် ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက် ထားမှု၊ သံပိုက်များ ထည့်သွင်း ထားမှု၊ Steel Rib တပ်ဆင် ထားမှုနှင့် ရေလွှဲ ဥမင်လိုဏ် အဝင်ပိုင်း စက် ယန္တရားကြီးများဖြင့် မြေကြီး ကျောက်သားများ တူးဖော် နေမှု တို့ကို ကြည့်ရှု စစ်ဆေး ခဲ့သည်။

အဆိုပါ အထက် ရဲရွာ ရေအား လျှပ်စစ် စီမံကိန်း ပြီးစီး ပါက စက်တစ်လုံးလျှင် ၇ဝ မဂ္ဂါဝပ်ရှိ စက် လေးလုံးဖြင့် စုစုပေါင်း စက် တပ်ဆင် အင်အား ၂၈ဝ မဂ္ဂါဝပ်မှ နှစ်စဉ် ပျမ်းမျှ လျှပ်စစ် ဓာတ်အား ကီလိုဝပ် နာရီ သန်းပေါင်း ၁၄ဝ၉ သန်း ထုတ်လုပ် ပေးနိုင်မည် ဖြစ်ကြောင်း သိရှိ ရသည်။

မြ၀တီ

http://bit.ly/10GGeGT

Leave a Reply

Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here