Saturday, April 6, 2013

ကျပ်(၁၅၀၀)တန် CDMA ဖုန်းအတွက်အင်တာနက်ဝန်ဆောင်ခကို ကျပ်(၁)သောင်းနဲ့လျှောက်ထားရမည်…

0 comments
ဧပြီ(၆)


ကျပ်(၁၅၀၀)တန် CDMA ဖုန်းအတွက် အင်တာနက်ဝန်ဆောင်ခကို ကျပ်(၁)သောင်းနှင့်သာ 

ဆက်လက်လျှောက်ထားရမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှတာဝန်ရှိသူတစ်ဦး 

၏ပြောကြားချက်အရ သိရသည်။

 

ဧပြီလ(၂၄)ရက်နေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ချပေးမည့် CDMA 800 MHz 

ဖုန်းများတွင်အင်တာနက်လိုင်းပါဝင်မည်မဟုတ်ဘဲသီးခြားလျှောက်ထားရမည်  ဖြစ်ပြီး လျှောက်ထား 

ရာတွင် GSM ဖုန်းများနည်းတူ ကျပ်(၁)သောင်းကျသင့်မည်ဖြစ်ကြောင်း သိရသည်။

 

ယင်းကဲ့သို့ CDMA ဖုန်းများ အများအပြားထပ်ချပေးသော်လည်း အင်တာနက်မြန်နှုန်းကတော့ လတ် 

တလောတွင် အရမ်းကျဆင်းတာမျိုး မဖြစ်နိုင်ကြောင်း အဆိုပါ တာဝန်ရှိသူကမှတ်ချက်ပြုသည်။ မို  

ိုင်းဖုန်း သုံးစွဲသူအများစုသည် SIM ကတ်ဈေးနှုန်းများ ချပေးလိုက်သည့် အတွက် 

အင်တာနက်တပ်ဆင်ခကိုလည်း လျှော့ချပေးစေလိုကြောင်း သိရသည်။

 

လက်ရှိအသုံးပြုနေသည့် GSM, WCDMA ဖုန်းများကို အင်တာနက်တပ်ဆင် အသုံးပြုခွင့်ပြုထားရာ 

လူတစ်ဦးချင်း၏ အင်တာနက်အသုံးပြုမှုနှုန်းသည် လွန်ခဲ့သည့် နှစ် အနည်းငယ်ကထက် အဆ 

များစွာမြင့်တက်လာကြောင်း သတင်းရရှိသည်။

SkyNet TV Browser

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here