Sunday, April 7, 2013

အိန္ဒိယနိုင်ငံတွင် အမျိုးသမီး လေးဦး အက်ဆစ်ဖြင့် အပက် ခံရ

0 comments
ဧပြီ(၇)

အိန္ဒိယနိုင်ငံ မြောက်ပိုင်းတွင် အမျိုးသမီး လေးဦး အက်ဆစ်ဖြင့် ပက်ဖျန်းခဲ့မှုကြောင့် ဒဏ်ရာ ရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန် ကြေညာ ထားသည်။

ဖြစ်ပွားပုံမှာ အိန္ဒိယနိုင်ငံ မြို့တော် နယူးဒေလီနှင့် ကီလိုမီတာ ၁ဝဝ ခန့် အကွာ ဥတ္တာပရာဒက်ရှ် ပြည်နယ်ရှိ ရှာမာလီ ခရိုင်၌ ဧပြီ ၂ ရက် ညနေပိုင်းက ဖြစ်ပွား ခဲ့ခြင်း ဖြစ်ပြီး အသက် ၁၉ နှစ်နှင့် ၂၄ နှစ်ကြားရှိ ၎င်းညီ အစ်မ လေးဦးသည် ကျောင်းမှ ၎င်းတို့၏ နေအိမ်သို့ လမ်းလျှောက် ပြန်လာချိန် တွင် မော်တော်ဆိုင်ကယ် စီးနင်း လာသော လူနှစ်ဦးက ၎င်းတို့အား အက်ဆစ်ဖြင့် ပက်ဖျန်းခဲ့ခြင်း ဖြစ်ကြောင်း စုံစမ်း စစ်ဆေးရေး ရဲအရာရှိ တစ်ဦး က ပြောကြားခဲ့သည်။

ယင်းကဲ့သို့ ပက်ဖျန်းမှု ခံခဲ့ရပြီးနောက် အသက် ၁၉ နှစ် အရွယ်ရှိ အငယ်ဆုံး အမျိုးသမီးသည် အက်ဆစ် လောင်ကျွမ်းမှု ပြင်းထန်စွာ ခံစားခဲ့ရပြီး ဆေးရုံသို့ အလျင်အမြန် ပို့ဆောင် ခဲ့ရကြောင်း၊ တရားခံ နှစ်ဦးအား ယခုတိုင် ဖမ်းဆီး နိုင်ခဲ့ခြင်း မရှိသေးကြောင်းနှင့် စုံစမ်းမှုများ ဆက်လက် လုပ်ဆောင်လျက် ရှိကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

အိန္ဒိယ နိုင်ငံတွင် အမျိုးသားများက အမျိုးသမီး များအား တိုက်ခိုက်မှု ပြုရာတွင် အက်ဆစ်သည် ဈေး အသက်သာဆုံးနှင့် ထိရောက်မှု အရှိဆုံးသော လက်နက် အဖြစ်သို့ ရောက်ရှိ လာကြောင်း သိရသည်။

မြ၀တီ

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here