Friday, April 5, 2013

၄၈ လမ်း ဗလီမီးလောင်မှုတွင် အဓိက တာဝန်ရှိသည့် ဗလီဆရာ နှစ်ဦးအနက် လွတ်မြောက်နေသူ တစ်ဦးအား ဖမ်းဆီးရမိ

0 comments
ဧပြီ(၅)
၄၈ လမ်းထိပ်တွင် လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များကို ဧပြီလ ၃ ရက် မွန်းလွဲပိုင်းက တွေ့ရစဉ်

ဧပြီလ ၂ ရက်က ဖြစ်ပွားခဲ့သော ၄၈ လမ်း ဗလီမီးလောင်မှုတွင် အဓိက တာဝန်ရှိသူဟုဆိုသူ ဗလီဆရာ ဦးဇေယျာဖြိုးနှင့် ဦးခင်မောင်အေးတို့ နှစ်ဦးအနက် လွတ်မြောက်နေသူ ဦးခင်မောင်အေးအား ဧပြီလ ၃ ရက်က ဖမ်းဆီးရမိပြီး ဆက်လက် စစ်ဆေးလျက်ရှိကြောင်း ဗိုလ်တစ်ထောင်မြို့နယ် ရဲစခန်းမှ ရဲတပ်ဖွဲ့မှူး စိန်ဝေက Eleven Media Group သို့ ပြောကြားခဲ့သည်။

ထို့ပြင် ဗလီအနီးတစ်ဝိုက်တွင် အများပြည်သူ လုံခြုံရေးအတွက် ရဲတပ်ဖွဲ့ဝင်များနှင့် ဗိုလ်တစ်ထောင်မြို့ နယ်ရှိ ရပ်ကွက်များမှ လမ်းလုံခြုံရေးများကို ဆက်လက်ထားရှိထားကြောင်း ရဲတပ်ဖွဲ့မှူး စိန်ဝေက ဆိုပါသည်။

"၄၈ လမ်းရဲ့ ဟိုဘက်ထိပ် ဒီဘက်ထိပ်ရယ် ဗလီရှေ့ရယ်ကို ရဲတပ်ဖွဲ့ဝင် အားလုံးပေါင်း ၄၅ ယောက် ထားရှိပြီး လုံခြုံရေး ရယူထားပါတယ်။ ရပ်ကွက်လုံခြုံရေးက တစ်ရပ်ကွက်ကို နှစ်ယောက်နှုန်းနဲ့ ဗိုလ်တစ်ထောင်မြို့နယ်က ၁၀ ရပ်ကွက်ရယ်၊ မီးလောင်တဲ့ ရပ်ကွက်က ၁၀ ယောက်လောက်ရယ် ဆိုတော့ အားလုံးပေါင်း ၂၈ ဦးလောက်တော့ ရှိပါမယ်" ဟု ဗိုလ်တစ်ထောင်မြို့နယ် ရဲစခန်းမှ ရဲတပ်ဖွဲ့မှူး စိန်ဝေက ပြောကြားခဲ့သည်။

မီးလောင်မှု ဖြစ်ပွားချိန်က ဗလီ၏ အောက်ထပ်တွင် ထားရှိသည့် မီးအားမြှင့်စက်များကို ဗလီတာဝန်ရှိ သူများမှ မည်ကဲ့သို့ အသုံးပြုခဲ့ကြောင်းနှင့် မီးလောင်မှု ဖြစ်ပွားချိန်တွင် တံခါးများကို အချိန်မီ မဖွင့်နိုင်ခဲ့သော ကိစ္စရပ်များနှင့် စပ်လျဉ်း၍ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေကြောင်းနှင့် အသေးစိတ် သတင်းအချက်အလက်များကို အထက်အရာရှိများက ဆက်လက် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့မှူး စိန်လွင်က ဆက်လက်ပြောကြားသည်။

အစ္စလာမ်ဘာသာဝင် စာသင်သား ကလေးငယ် ၁၃ ဦး သေဆုံးခဲ့သော ဗလီမီးလောင်မှုတွင် မီးအားမြှင့် စက် အပူလွန်ကဲရာမှ မီးလောင်ခြင်းဖြစ်ကြောင်းနှင့် အခင်းဖြစ်ပွားရာရှိ ဗလီဆရာ နှစ်ဦးဖြစ် သည့် ဦးဇေယျာဖြိုးနှင့် ဦးခင်မောင်အေးတို့တွင် တာဝန်အရှိဆုံးဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေက ဧပြီလ ၂ ရက်နေ့က ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်း ပွဲတွင် ပြောကြားခဲ့သည်။
Eleven Media Group

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here