Friday, April 5, 2013

မီးအား ယမ်းအားပဲ ကိုကိုရယ်

0 comments
ဧပြီ(၅)

ပအိုဝ်းဒေသရှိ ကျေးလက်တောရွာများတွင် နှစ်စဉ် ရိုးရာမီးရှူး (ဒုံး) လွတ်တင်ပွဲကို စည်ကားစွာ ကျင်းပလေ့ရှိကြသည်။ ဤပွဲသည် မိုးဦးရာသီတွင် ကျင်းပပြီး၊ ပွဲကျင်းပသည့် ရယ်ရွက်ချက်မှာ ရာသီဥတုကောင်းမွန်ရန်၊ မိုးများပုံမှန် ရွာသွန်းရန်နှင့် စိုက်ပျိုးသီးနှံများ အထွက်တိုးရန် စသည်တို့ ဖြစ်သည်။

တောင်သူလယ်သမားများဖြစ်ကြ၍ တောင်ယာ ခြံ လယ်လုပ်ငန်းများကို အဓိက အသက်မွေးဝမ်းကျောင်းလုပ်ငန်းအဖြစ် လုပ်ကိုင်ရာဖြစ်သည့်အားလျော်စွာ ဥတုရာသီ ကောင်းမွန်ရန် နှစ်စဉ် လယ်ယာ ခြံ မြေလုပ်ငန်း မစခင် မိုးခေါ်ပွဲ သို့မဟုတ် ရိုးရာမီးရှူးပွဲခေါ် ဒုံးလွတ်တင်ပွဲကို ကျင်းပခြင်းဖြစ်သည်။ 

တနှစ်သောအခါ ရွာတစ်ရွာတွင် လင်မယားနှစ်ယောက်ရှိ၏။ ယင်းလင်မယားနှစ်ယောက်အား လင်ယောင်္ကျားဖြစ်သူ ရိုးရာဒုံးလွတ်တင်ပွဲကို သွားရောက်ကြည့်ရှု၍ မိန်းမဖြစ်သူက မသွားပဲ အိမ်တွင်သာ နေခဲ့၏။ လင်ယောင်္ကျားလည်း မိန်းမဖြစ်သူ ပွဲမသွားသဖြင့် ဒုံးလွတ်တင်ရာတွင် မိမိမြင်တွေ့ရသည့် အတွေ့အကြုံများအား မိန်းမကို ပြန်လည်ဝှေငှရန် စဉ်းစားဆုံးဖြတ်ခဲ့၏။

ညနေ မောင်ရီပျိုးဖျချိန်တွင် လင်ဖြစ်သူပွဲမှ ပြန်ရောက်လာပြီး၊ မိန်းမထံ ချက်ချင်းသွား၍ အတွေ့အကြုံများနှင့် မြင်မြင်ခဲ့သမျ မိန်းမကို အားရပါးရဖေါက်သည်ချပြရာ၊ ဒုံးလွတ်တင်သည့်အခါ မည်သို့မည်ပုံကောင်းသည်၊ ဒုံးက ဘယ်လောက်ဝေးဝေးသွားသည် စသည့် ကောင်းကင်ပေါ်သို့ ဒုံးလွတ်တက်သွားသည့် ပုံစံတို့အား ခြေလက်ကားယား လက်ညိုး လက်တန်းဖြင့် ဟိုထိုး ဒီဝှေ့ပြောပြရာ၌ သူ့လက်ချောင်းက မိန်းမဖြစ်သူ မျက်စိကို မတော်တဆ ထိုးမိလေတော့၏။ 

မိန်းမဖြစ်သူလည်း မျက်စိအထိုးခံရ၍ နာကျင်သဖြင့် ငိုယိုကာ...

လင်ဖြစ်သူက “ကဲကဲ မိန်းမရေ.. တော်တော်နာသွားသလားကွယ်.. အသာလေးပဲ ထိတို့မိတာ၊ မငိုတော့နဲ့ မိန်းမရဲ့… ကိုကို သမြင်လုပ်တာ မဟုတ်ပါဘူးကွယ်” ဆိုပြီးချော့လိုက်ရာ ... 

မိန်းမဖြစ်သူက “နာတာပေါ့ ကိုကိုရေ၊ ဒုံးက မီးအား ယမ်းအားနဲ့ တက်တာပဲ၊ မျက်စိထိုးမိတာ နာတာပေါ့ ကိုကို” ဆိုပြီး မတိတ်ပဲ ၀ူး ၀ူး ၀ါး ၀ါး ဆက်၍ ငိုယိုလေတော့သည်။
-----------

တောင်ကြီးတိုင်းမ်

မှတ်ရန်။ ။ တောင်ပေါ်ကျေးလက်ဒေသတွင် နေထိုင်သည့် ကာလသား ပအိုဝ်းလူငယ် လူရွယ်များကြား ပျော်ရွှင်စရာ ရယ်မောစရာအဖြစ် ပြောဆိုနေကြသည့် ရိုးရာဟာသများကို နောင်ခမ်းခါ မှ စုစည်း ရေးသား တင်ပြထားပါသည်။





Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here