Saturday, April 6, 2013

"လားရှိုးတွင် သင်္ကြန် မဏ္ဍပ်ဆာက်လုပ်ရန် ဈေးဆိုင်ခန်းရှင်များအား မထည့်မနေရ ငွေကောက်ခံနေ"

0 comments
ဧပြီ(၆)
ရှမ်းပြည်မြောက်ပိုင်းလားရှိုးမြို့တွင် မကြာမီ ကျင်းပမည့် မဟာသင်္ကြန်ပွဲတော်အတွက် မြို့မဈေး သင်္ကြန် မဏ္ဍပ်ပြုလုပ်ရန် ဟုဆိုကာ လားရှိုးမြို့ စည်ပင်မှ ဈေးခေါင်းနှင့် ဈေးအကျိုးဆောင် ဥက္ကဌ တို့က ဦးဆောင်ပြီး ဈေးဆိုင်ခန်းတစ်ခန်းလျင် အပေါ်ထပ်ဖြစ်ပါက ကျပ် ၇၀၀၀၊ အောက်ထပ်ဖြစ်ပါက ကျပ် ၈၀၀၀၊ မထည့်မနေရ သတ်မှတ်ချက်ဖြင့် လိုက်လံကောက်ခံနေကြောင်းလားရှိုးမြို့မဈေး ဈေးဆိုင်ခန်း ပိုင်ရှင်များကပြောသည်။

"မထည့်ဘူးမပြောပါဘူး၊ စေတနာရှိသလောက်တော့ ဖြစ်စေချင်တာပါ၊ ဒါကို သူတို့က သတ်မှတ်ချက်နဲ့ လာပြီးအတင်းဆိုတော့ စိတ်ကုန်တယ်ဗျ၊ အရင်ခေတ်ကလိုမှတ်နေကြတာ"ဟု ဈေးဆိုင်ခန်း ပိုင်ရှင်တစ်ဦး ကပြောကြားသည်။

မိမိတို့ ပျံကျဈေးသည်များအားလည်းကောက်ခံကြောင်း၊ ပျံကျတစ်ဦးလျင် ကျပ် ၄၀၀၀ ပေးဆောင်နေရကြောင်း၊ ဈေးထွက်ခွင့်ကိုမူ ယခု ဧပြီလ ၁ ရက်နေ့ မှစတင်ပြီး နံနက် ၇း၀၀ နာရီမှ နေ့လည် ၂း၀၀ ထိခွင့်မပြုတော့ကြောင်း၊ ဈေးကွဲမှ ဈေးရောင်းချခွင့်ရသဖြင့် အခက်အခဲများ ကြုံနေရကြောင်း ပျံကျဈေးသည်အချို့ ကပြောသည်။
ရှမ်းပြည်နယ် လွှတ်တော် ကိုယ်စားလှယ် တစ်ဦးက"ယခုကဲ့သို့ စည်ပင်အနေဖြင့် ပြည်သူ လူထုအပေါ် အတင်း အကျပ် ငွေကောက်ခံခွင့်မရှိကြောင်း ၊ အောက်ခြေ ၀န်တမ်းများရော၊ အပေါ်ဝန်ထမ်းများပါ ဒါကို သဘောပေါက်ပြီး အာဏာပါဝါ သုံးစွဲခြင်းကိုရှောင်ရှား သင့်ကြောင်း" ပြောသည်။

ပျံကျဈေးသည်များကလည်း ယခင်လို နံနက်မှစတင်ပြီး ဈေးရောင်းခွင့်ရလိုကြောင်း ပြောသည်။

စည်ပင်ဝန်ထမ်း တစ်ဦးကမူ ဈေးရောင်းချခွင့် မပေးခြင်းမဟုတ်ကြောင်း၊ စာကပ်ပေးထားကြောင်း၊ အချိန်အတိုင်းအတာ သတ်မှတ်လိုက်ခြင်းသာ ဖြစ်ကြောင်း ရှင်းလင်းပြောပြပါသည်။

ခမ်းမြတ်(တောင်ကြီး)
"လားရှိုးတွင် သင်္ကြန် မဏ္ဍပ်ဆာက်လုပ်ရန် ဈေးဆိုင်ခန်းရှင်များအား မထည့်မနေရ ငွေကောက်ခံနေ"

လားရှိုး၊ ဧပြီ ၆

Leave a Reply

Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here