Saturday, April 6, 2013

ရဲတပ်ဖွဲ့ဝင်များအား ကွန်မန်ဒို ဝတ်စုံများလှူဒါန်း

0 comments
ဧပြီ(၆)
ရှမ်းပြည်နယ် (တောင်ပိုင်း) ကလော မြို့နယ် အောင်ပန်းမြို့ ရဲစခန်း၌ ယမန် နေ့ နံနက် ၁ဝ နာရီက အောင်ပန်းရဲ စခန်းရှိ မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့ ဝင်များအား ကွန်မန်ဒို ဝတ်စုံများ

လှူဒါန်းပွဲ ကျင်းပရာ အဆိုပါ အခမ်း အနားသို့ အောင်ပန်း ရဲစခန်းမှူး ရဲအုပ်အောင် မင်းဦးနှင့် ရဲတပ်ဖွဲ့ ဝင်များ၊ အလှူရှင် ကိုဖိုးထူး မိသားစု၊ မြို့မိမြို့ဖများနှင့် ရပ်ကွက် အုပ်ချုပ်ရေး မှူးများ တက် ရောက်ကြောင်း သိရသည်။

အဆိုပါ အခမ်း အနားတွင် အလှူရှင် ကိုဖိုးထူး မိသားစုမှ တရုတ် နိုင်ငံလုပ် ကွန်မန်ဒို ဝတ်စုံ များအား ပေးအပ်လှူ ဒါန်းရာ အောင်ပန်း ရဲစခန်းမှူး ရဲအုပ် အောင်မင်းဦးက လက်ခံ ရယူပြီး ဂုဏ်ပြု မှတ်တမ်းလွှာ ပြန်လည် ပေးအပ် ခဲ့သည်။

ဆက်လက်၍ အလှူရှင် ကိုဖိုးထူးက ကွန်မန်ဒို ဝတ်စုံ များအား ဂုဏ်ပြု လှူဒါန်း ရခြင်း အကြောင်းကို ရှင်းလင်း ပြောကြားပြီး အောင်ပန်း ရဲစခန်းမှူး ရဲအုပ် အောင်မင်းဦး က ကျေးဇူး တင်စကား ပြန်လည် ပြောကြားကာ ရဲတပ်ဖွဲ့ ဝင်များက ကွန်မန်ဒို ဝတ်စုံအား သရုပ်ပြ ဝတ်ဆင် ခဲ့သည်။

အဆိုပါ တရုတ် နိုင်ငံလုပ် ကွန်မန်ဒို ဝတ်စုံမှာ တစ်စုံလျှင် ငွေကျပ် ၂၅ဝဝဝ တန်ဖိုး ရှိပြီး စုစုပေါင်း ၁ဝ စုံ (တန်ဖိုး ငွေကျပ် ၂၅ဝဝဝဝ)ကို လှူဒါန်း ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

http://bit.ly/10CCIzT
မြ၀တီ

Leave a Reply

Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here