Saturday, April 6, 2013

စစ်ပြေးဒုက္ခသည်များအား ကူညီထောက်ပံ့ရန် သျှမ်း/မြောက်ပိုင်း၌ ငွေ နှင့် ပစ္စည်းများကောက်ခံစုဆောင်း

0 comments
ဧပြီ(၆)
သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့အတွင်း မတ်ခ်ျလနှောင်းပိုင်းကဖြစ်ပွားခဲ့သည့် မြန်မာအစိုးရတပ်နှင့် သျှမ်းပြည်တပ်မတော် SSPP/SSA တို့အကြား တိုက်ပွဲကြောင့် မြို့ပေါ် ဘုန်းကြီးကျောင်းများ၌ ခိုလှုံနေကြရ သည့် ကျေးလက်လူထုများအား SNLD နှင့် သျှမ်းလူငယ်အဖွဲ့ပူးပေါင်း၍ ကူညီထောက်ပံ့မှုများသွားပေး မည်ဟု သျှမ်းပြည်မြောက်ပိုင်းသတင်းရပ်ကွက်ကဆိုပါ သည်။
သျှမ်း/မြောက် ကစစ်ပြေးဒုက္ခသည်တချို့
သျှမ်း/မြောက် ကစစ်ပြေးဒုက္ခသည်တချို့
တန့်ယန်းမြို့နယ် လွယ်စေးအုပ်စုရှိ ရွာပေါင်း ၁၄ ရွာမှ ဒေသခံ သျှမ်းနှင့် ပလောင်လူထု ထောင်ကျော်၊ မြို့တွင်းရှိ ကျောင်း လုံ ဘုန်းကြီးကျောင်း၊ ဝေဠုဝန်ဘုန်းကြီးကျောင်းနှင့် အခြားဘုန်းကြီးကျောင်းများသို့ ရောက်ရှိ ခိုလှုံနေ ကြကြောင်း၊ တရုတ်လူမျိုးများက မြို့တွင်းတရုတ်ဘုံကျောင်းများ၌ စုပေါင်းရောက်ရှိ နေကြကြောင်း တန့်ယန်းဒေသခံများကပြောသည်။
အစိုးရတပ် တပ်ရင်း ခလရ ၃၃၊ ၂၉၁ နှင့် ခမယ ၃၂၂ က SSPP/SSA ၏ လွယ်စေး တပ်စခန်းအား တက်တိုက်ခဲ့ကြောင်း၊ ဦးတည်ချက်မရှိဘဲ လယ်၊ ယာ အတွင်း လက်နက်ကြီးများဖြင့် လှမ်း ပစ်ခဲ့ကြောင်း ထို့ကြောင့် ရွာသားများ ဘေးကင်းရာ မြို့တွင်းရှိဘုန်းကြီးကျောင်းများသို့ခိုလှုံနေကြကြောင်း ဆိုပါသည်။
အဆိုပါ စစ်ပြေးဒုက္ခသည်များအား မြို့တွင်းမှစေတနာရှင်များကသာ ထမင်း ဟင်းထုတ်များ သွားရောက်ပေး ကမ်းထောက်ပံ့ မှုမှလွှဲ၍ တခြားမှသီးသန့်ရောက်လာသော အလှူရှင်ဟူ၍ မရှိသေးကြောင်း မြို့ခံများက ပြောပါသည်။
ထို့အတွက် သင်္ကြန်ရက်မတိုင်မီ သွားရောက်ထောက်ပံ့နိုင်ရေးအတွက် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် အတူ သျှမ်းလူမှုအဖွဲ့အစည်းတို့ပူးပေါင်း၍ လားရှိုးမြို့၌ ထောက်ပံ့ဖွယ် လှူဖွယ်ပစ္စည်းများ လိုက်လံကောက်ခံစုဆောင်း နေ ကြောင်း လည်း လားရှိုးမြို့ခံ လူငယ်များကပြောပါသည်။
ထို့ကြောင့် ရပ်နီးရပ်ဝေး ပြည်တွင်းပြည်ပမှ စေတနာရှင်များ ပူးပေါင်းလှူဒါန်းလိုပါက  ဖုန်း - ၀၉ ၅၂၆ ၂၉၃၆၊ ၀၉၄၄၅၁၀၈၆၆၇၊ အီးမေးလ် - saihsengmong@gmail.com တို့ ဆက်သွယ်လှူဒါန်းနိုင် ကြောင်းကြားသိရပါသည်။
သျှမ်းသံတော်ဆင့်

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here