Sunday, April 7, 2013

တရုတ်နိုင်ငံ ဟာဘင်မြို့ရှိ စက်ရုပ်စားသောက်ဆိုင်

0 comments
ဧပြီ(၇)
တရုတ်နိုင်ငံ ဟာဘင်မြို့မှာတော့ စက်ရုပ်စားသောက်ဆိုင် အသစ်ကို ဖွင့်လှစ်လိုက်ပါပြီ။ ဒီစားသောက်ဆိုင်မှာတော့ ဧည့်ကြို၊ စားဖိုမှုး၊ စားပွဲထိုးကစလို့ အားလုံးဟာ စက်ရုပ်တွေချည်းပါပဲတဲ့။ တစ်ကယ်လို့ သင်သွားပြီး စားသောက်မယ်ဆိုရင် ဧည့်ကြို စက်ရုပ်က သင့်ဆီလာပြီးတော့ “စက်ရုပ်စားသောက်ဆိုင်မှ ကြိုဆိုပါတယ်ရှင်… လူကြီးမင်းတို့အားလုံး မင်္ဂလာပါ” ဆိုပြီး နှုတ်ဆက်ဦးမှာ။ ပြီးတော့ စားချင်တာတွေကို Menu ကြည့်ပြီးမှာလိုက်၊ စက်ရုပ် စားဖိုမှုးက ချက်ပြုတ်ကြော်လှော်ပေးဦးမှာ။ ပြီးရင် စက်ရုပ်စားဖွယ်ထိုးက သင့်စားပွဲအရောက် အစားအသောက်တွေ လာပို့ဦးမှာပါတဲ့။

ဒီ စက်ရုပ်စားသောက်ဆိုင်မှာတော့ စက်ရုပ်စားပွဲထိုးပေါင်း ၂၀ လောက်က မှာယူတဲ့ ဟင်းလျှာတွေကို ပို့ဆောင်ပေးပြီးတော့၊ ဖက်ထုတ်တွေ၊ ခေါက်ဆွဲကြော်၊ ခေါက်ဆွဲပြုတ်တွေ မှာယူလို့ရပါတယ်။ သင် စားသောက်နေတဲ့အချိန်မှာလည်း စက်ရုပ် ဖျော်ဖြေရေးအဖွဲ့က တေးသီချင်းတွေ သီဆိုတီးမှုတ်ပြီး ဖျော်ဖြေပေးဦးမှာပါတဲ့။

ဒီ စက်ရုပ်စားသောက်ဆိုင်ကိုတော့ အင်ဂျင်နီယာမှုး လျှူဟက်ဟိန်က တရုတ်ငွေ ယွမ် ၅ သန်းလောက် အကုန်အကျခံပြီး ဖန်တီးခဲ့တာဖြစ်ပါတယ်။ စက်ရုပ်တစ်ရုပ်ချင်းစီရဲ့ ကုန်ကျစရိတ်ကတော့ ယွမ် ၂ သိန်းနဲ့ ၃ သိန်းကြား ကုန်တယ်လို့ ဆိုပါတယ်။ ဒီစားသောက်ဆိုင်က စက်ရုပ်တွေကတော့ ၅ နာရီလောက် မရပ်မနား အလုပ်လုပ်နိုင်ပါသတဲ့။ ၅ နာရီကျော်သွားရင်တော့ သူတို့ကို လျှပ်စစ်အားပြန်သွင်းပေးရပါတယ်။

ဒီ စက်ရုပ်စားသောက်ဆိုင်မှာ ဟင်းအမျိုးအစား ၃၀ ကျော်မှာယူနိုင်တာမို့လို့ စက်ရုပ်တွေချက်ပြုတ်ပေးတဲ့ စားသောက်ဆိုင်မှာ လမ်းကြုံရင် သွားစားနိုင်ကြပါပြီ။

အဖြူရောင်စာမျက်နှာ

Re-Post By ACM 6-4-2013
အေးချမ်းမွန် Credit & Copy From >အဖြူရောင်စာမျက်နှာ<< Thank

Leave a Reply

Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here