Saturday, April 6, 2013

တာချီလိတ်မြို့တွင် ဘ၀တွက်တာကျွမ်းကျင်စရာ ဘာသာရပ်မွမ်းမံသင်တန်းဆင်း

0 comments
ဧပြီ(၆)

ပညာရေးဝန်ကြီးဌာနနှင့် ယူနီဆက်တို့ပူးပေါင်းပြီး အလယ်တန်းဆင့် ဘ၀တွက်တာကျွမ်းကျင်စရာ ဘာသာရပ် မွမ်းမံသင်တန်းဆင်းပွဲကို ဧပြီ ၆ ရက်နံနက် ၁၀ နာရီက   တာချီလိတ်မြို့အခြေခံ ပညာ အထက်တန်း
ကျောင်းခန်းမတွင်ပြုလုပ်သည်။သင်တန်းဆင်းပွဲမကျင်းပမီသင်တန်းတစ်လျှောက်ပို့ချချက်များ နှင့်ပတ်သက်ပြီး သင်တန်းသားများ၏မေးမြန်းချက်များ၊အကြံပြုချက်များကိုသင်တန်းနည်းပြဆရာမဒေါ်အေးမြင့်ဦးမှ  ဖြေကြား ဆွေးနွေးသည်။ ယင်းနောက်သင်တန်းဆင်းပွဲကျင်းပရာ မြို့နယ်ပညာရေးမှူးဦးစိန်ထွန်းလှက သင်တန်းဆင်း အမှာစကားပြောကြားသည်။ အဆိုပါသင်တန်းသို့ ဆရာဆရာမ ၈၄ ဦးတက်ရောက်ခဲ့ပြီး သင်တန်းအား မတ်လ ၂၉ ရက်နေ့က ဖွင့်လှစ်ခဲ့ကြောင်းသိရှိရသည်။
 
 တာချီလိတ်မြို့နယ် စာရေးဆရာများအသင်း
 
ကိုသိန်းဌေး နေထိုင်ရာအိမ်ဖြစ်ပြီး ထိုနေရာတွင် လာရောက် ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း ဖခင်ဖြစ်သူမှ လိုက်လံပြသစဉ် (ဓာတ်ပုံ - ကောင်းမြတ်မင်း)

ပဲခူးတိုင်းအနောက်ပိုင်း ပေါက်ခေါင်းမြို့နယ် အင်ငါးခွကျေးရွာအုပ်စု တာကောက်ကျေးရွာတွင်နေထိုင်သူ ဦးသိန်းဌေးအား မတ်လ ၃၁ ရက်နေ့ မနက် ၇ နာရီခန့်တွင် အင်ငါးခွ သကြားစက် လုံခြုံရေးရဲကင်း၌ ဖမ်းဆီးထိန်းသိမ်း ထားစဉ် သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသူ ဦးသိန်းဌေးသည် မတ်လ ၂၉ ရက်နေ့ ညနေပိုင်းတွင် ၎င်း၏ အမျိုးသမီးအား လိုက်လံရှာဖွေစဉ် မခင်နန်းစိန် နေအိမ်တွင် တွေ့ရှိခဲ့ပြီး စကားများ ရန်ဖြစ်ခဲ့ရာမှ ကျေးရွာအုပ်ချုပ်ရေးမှူးက ရဲကင်းသို့ အကြောင်းကြားကာ အဲဒီနေ့ည ၇ နာရီခန့်တွင် ၎င်း၏နေအိမ်၌ လာရောက်ဖမ်းဆီးခဲ့တာဖြစ်ကြောင်း သေဆုံးသူ၏ ညီဖြစ်သူ ကိုဝင်းဇော်လတ်က ပြောသည်။

“ကျနော့် အစ်ကိုကို ၂၉ ရက်နေ့ည ၇ နာရီမှာ ထမင်းစားနေတုန်း လာဖမ်းတာ။ အင်ငါးခွ သကြားစက် လုံခြုံရေး ရဲကင်းက ရဲ ၂ ယောက်နဲ့ အုပ်ချုပ်ရေးမှူးက လာဖမ်းတာ။ လက်ဆေးပါရစေဦးပြောတာ ကြာတယ်ကွာ ဒီကောင့်ကို လက်ထိပ်ခတ်ဖမ်းလို့ပြောတော့ ကျနော်အစ်ကိုက လက်ထိပ်ခက်ရလောက်အောင် ကျနော်က ဘာပြစ်မှု ကျူးလွန်းလို့လဲလို့ မေးတော့ မင်းလုပ်တာ မင်းသိမှာပေါ့။ ဖမ်းကွာဆိုပြီး ကျနော် အဖေရှေ့မှာပဲ ဘာအမှုနဲ့ ဖမ်းတယ်လို့လဲ မပြောပဲ ဖမ်းသွားတာ။ ကြားထဲမှာ ၃၀ ရက်နေ့ကလည်း အိမ်က ဘယ်သူမှ လိုက်မသွားနိုင်ဘူး။ ၃၁ ရက်နေ့ကြတော့   အစ်ကိုသေလို့ အလောင်းလာယူဖို့ ကျနော်ကို လာခေါ်လို့ လိုက်သွားတော့ ကျနော်အစ်ကိုက ဒဏ်ရာတွေနဲ့ သေတာကို ကျနော်လည်း မကြည့်ရက်လို့ အပြင်ထွက် ငိုနေတုန်း၊ အဖေနဲ့ မရီးကို သာမန်ရိုးရိုး သေဆုံးတာကို လက်ခံတယ်ဆိုရင် လက်မှတ်ထိုးပြီး အလောင်းကို ယူသွားလို့ရပြီ ဆိုပြီး လက်မှတ်ထိုးပြီး အလောင်းပြန်ယူလာခဲ့တာပါ”

အလောင်းကိုလည်း ရဲကင်းနှင့် ရွာကြားမှာရှိတဲ့ သင်္ချိုင်းဇရပ်မှာပဲထားကာ နေ့တွင်းချင်း မြေမြှုပ်သင်္ဂြိုလ်ဖို့ ရဲနဲ့ အုပ်ချုပ်ရေးမှူးတို့မှ ပြောကြားခဲ့ပြီး ရဲဝန်ထမ်းများက ကျင်းတူးရာတွင် ကူညီခဲ့သလို့ လတ်တလော သင်္ဂြိုလ်စရိတ်အဖြစ် ကျပ်ငွေ ငါးသောင်းကို သေဆုံးသူ၏ ဇနီးဖြစ်သူ ဒေါ်မနိုင်အား ပေးခဲ့ကြောင်း ကိုဝင်းဇော်လတ်မှ ဆက်ပြောသည်။

ရဲကင်းတွင် အဖမ်းခံရသူ တဦးသေဆုံးကြောင်း အရပ်ထဲက သတင်းကြားမှ လေးရက်ကျော်လောက်က မြှုပ်ထားသော အလောင်းအား ပေါက်ခေါင်း ဆရာဝန်ကြီးနှင့် မြို့နယ်ရဲမှူး မောင်မောင်သွင်တို့မှာ ဧပြီလ ၄ ရက်နေ့ ညနေတွင် သွားရောက်တူးဖော် ဆေးစစ်ချက်များ ရယူခဲ့ရကြောင်း ပေါက်ခေါင်းမြို့နယ် ရဲမှူး မောင်မောင်သွင်မှ ဧရာဝတီသို့ ပြောသည်။

“ကျနော်တို့က အရပ်ထဲက သတင်းတွေကြားမှ ကြားကြားချင်း သွားတူးပြီး ဆေးစစ်ချက်တွေ ယူရတာ။ သေဆုံးသူအား ဖမ်းဆီးစဉ်တွင် ကျေးရွာ အုပ်ချုပ်ရေးမှူးမှ အရက်မူးလို့ ရဲကင်းကို ထိန်းသိမ်းပေးဖို့ အကြောင်းကြားတဲ့အတွက် ထိမ်းသိမ်းထားခဲ့တာပါ။  တခြားအမှုနဲ့ ပတ်သတ်တာတွေကို စုံစမ်းစစ်ဆေးနေဆဲဖြစ်လို့ ကျနော်တို့ ဘာမှမပြောပြလို့ မရသေးပါဘူး” ဟု ၎င်းမှ ဆက်ပြောသည်။

သေဆုံးသူအလောင်းအား သွားရောက်စစ်ဆေးစဉ် အရိုးနှင့် အတွင်းကလီဇာများကိုသာ အဓိက စစ်ဆေးခဲ့တာဖြစ်ပြီး အပေါ်ယံအရေးပြားပေါ်က ဒဏ်ရာတွေမှာ အရက်အတန်ကြာနေပြီဖြစ်လို့ မှတ်ချက်ရေးရန် ခက်ခဲကြောင်းနှင့် ၎င်းအမှုနှင့် ပတ်သတ်ပြီး မြို့နယ်ရဲမှူးကို ဆေးစစ်ချက် ပေးပို့ထားပြီးသားဖြစ်လို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေထံ မေးမြန်းနိုင်ကြောင်း ပေါက်ခေါင်းမြို့နယ် ဆေးရုံအုပ်ကြီး ဒေါက်တာမြင့်သိန်းထွန်းမှ ဧရာဝတီသို့ပြောသည်။

လုပ်ထုံးလုပ်နည်းအရ ရဲစခန်း၊ ရဲကင်း အချုပ်ခန်းတွေမှာ သေဆုံးသူတွေရဲ့ အလောင်းကိုအရင်ဆုံး ဆေးရုံးကိုပို့ရပြီး ဆေးရုံမှသက်ဆိုင်ရာ ဆရာဝန်တွေက အတည်ပြုပေးမှ သင်္ဂြိုလ်ခွင့်ရှိကြောင်း ဆရာဝန်ကြီးတဦးမှ ပြောသည်။

သင်္ဂြိုလ်သည့်နေ့တွင် သေဆုံးသူ၏ဇနီး ဒေါ်မနိုင်အား  ရဲကင်းမှ ရဲတပ်သားများမှ ကျပ်ငွေ ၅၀၀၀၀ ကျပ်ပေးခဲ့သည့်အပြင် ဧပြီလ (၁) ရက်နေ့တွင်လည်း ရပ်မိရပ်ဖ ဦးမြငွေ၏နေအိမ်တွင် မိသားစုထောက်ပံ့ကြေးအဖြစ် ကျပ်ငွေ ၂ သိန်းခွဲ ထပ်မံပေးခဲ့ကြောင်း သေဆုံးသူ၏ ဖခင် ဦးအေးထွန်းမှ ပြောကြားခဲ့သည်။

ကိုသိန်းဌေး၏ မိသားစုဝင်များမှ အမှုအမှန် ပေါ်ပေါက်ရေးအတွက် ပြည်ထဲရေး ပြည်ထောင်စုဝန်ကြီးနှင့်တကွ သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီးသို့ တိုင်ကြားစာများ ပေးပို့ ထားကြောင်း သိရသည်။

ကောင်းမြတ်မင်း - See more at: http://blog.irrawaddy.org/2013/04/blog-post_8541.html#sthash.NSMDcvlf.r8mzAiCL.dpuf

Leave a Reply

Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here