Sunday, April 7, 2013

ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ် ၀န်ကြီးချုပ် ESCAP, Bangkok မှ ဦးဝေလင်းစော ဦးဆောင်သော အဖွဲ့အား လက်ခံတွေ့ဆုံ

0 comments
ဧပြီ(၇)
ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ် ၀န်ကြီးချုပ် ESCAP, Bangkok မှ ဦးဝေလင်းစော ဦးဆောင်သော အဖွဲ့အား လက်ခံတွေ့ဆုံ
တောင်ကြီး ၊ ၇-၄-၂၀၁၃

http://pyichit-thar.blogspot.com/2013/04/blog-post_7.html

ရှမ်းပြည်နယ် အစိုးရ အဖွဲ့ ၊ ပြည်နယ် ၀န်ကြီးချုပ် ဦးစ၀်အောင်မြတ် သည် ဧပြီလ ၄ ရက်နေ့ မွန်းလွဲ ၁ နာရီက Economic and Social Commission for Asia and Pacific , Bangkok မှ ဦးဝေလင်းစော ဦးဆောင်သော သဘာဝ လောင်စာသုံး အသေးစား လျှပ်စစ် ဓာတ်အား ထုတ်လုပ်ရေး အဖွဲ့အား ပြည်နယ် ၀န်ကြီးချုပ်ရုံး ခန်း၌ လက်ခံ တွေ့ဆုံး ခဲ့ကြောင်း သိရသည်။ အဆိုပါ တွေ့ဆုံပွဲသို့ ပြည်နယ် ၀န်ကြီးချုပ် နှင့်အတူ ပြည်နယ် စည်ပင် သာယာရေး ၀န်ကြီး ၊ ပြည်နယ် လျှပ်စစ် နှင့် စက်မှုလက်မှု ၀န်ကြီး ၊ ပြည်နယ် ဥပဒေချုပ် အစိုးရ အွဲ့ အတွင်းရေးမှူး ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိ သူများ ၊ ESCAP, Bangkok မှ ဦးဝေလင်းစော ဦးဆောင်သော အဖွဲ့ဝင် ၃ ဦးတို့ တက်ရောက် ကြသည်။ 

ထိုသို့ တွေ့ဆုံရာတွင် ရှမ်းပြည်နယ် အတွင်း သဘာဝ လောင်စာများ  ဖြစ်သည့် စပါးခွံ ၊ ကြံကြိတ်ဖတ် ၊ သစ်တောထွက် ပစ္စည်း များဖြင့် အသေးစား လျှပ်စစ် ဓာတ်အားပေး စက်ရုံများ တည်ဆောက် နိုင်ရေး ၊ ဒေသ ဖွံ့ဖြိုး တိုးတက်ရေး တို့အတွက် ပြည်နယ် အစိုးရ အဖွဲ့နှင့် ပူးပေါင်း ဆောင်ရွက် လိုကြောင်း ၊ ပြည်နယ် အစိုးရ အဖွဲ့မှလည်း လိုအပ် သည်များကို လမ်းညွှန် ဖြည့်ဆည်း ကူညီ ဆောင်ရွက် ပေး စေလိုကြောင်း ဆွေးနွေး တင်ပြပြီး ပြည်နယ် ၀န်ကြီးချုပ် နှင့် တာဝန်ရှိ သူများက ပြန်လည် မေးမြန်း ဆွေးနွေးခြင်းများ ပြုလုပ် ခဲ့ကြောင်း သိရှိရသည်။

The Myawady Daily

Leave a Reply

Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here