Saturday, April 6, 2013

TNLA အား ပိုက်စိတ်တိုက် စစ်ဆင် တော့မည်

0 comments
ဧပြီ(၆)

တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်  TNLA  

ရှမ်းမြောက်ပိုင်း မန်တုံ မြို့နယ်နှင့် ကွတ်ခိုင် မြို့နယ်ရှိ တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တပ်စ ခန်း အနီးတွင် အစိုးရ တပ်ဖွဲ့တို့ နေရာ စိပ်စိပ် လာရောက် တပ်စွဲ ထားနေကြောင်း အဖွဲ့၏ ပြောခွင့် ဗိုလ်မှူး တာဘုန်းကျော်က ပြောသည်။

“ဒီ ၂ ရက် အတွင်း စကခမှူး ကိုယ်တိုင် နမ့်ဖက်ကာ အရှေ့ ဘက်သို့ တက်လာတယ်။ အဲဒီ မန်တုံ၊ ကွတ်ခိုင် မြို့နယ်မှာ ကျနော် တို့ စခန်းနဲ့ နာရီဝက် တစ်နာရီခန့် အကွာမှာ ကင်းထောက် စခန်း ၈ ခုအထိ တိုးချဲ့ ပြီး လာဆောက် ထားတယ်။ ဒီလို ကင်းစခန်း ငယ်တွေနဲ့ လာရောက် ဆောက်နေတာကို ကြည့်ခြင်း အားဖြင့် ကျနော်တို့ တပ်စခန်း တွေကို အနီးကပ် ခြေမှုန်းဖို့ ဖြစ် တယ်ဆိုတာ ထင်ရှားတယ်” ဟု ဆိုပါသည်။

အစိုးရ စစ်ကြောင်းများသည် ကွတ်ခိုင်၊ နမ့်ခမ်း၊ မန်တုံ၊ နမ့်ဆန်နှင့် ကျောက်မဲ မြို့နယ်တွင် ပုံမှန် (၃) ကြောင်းမှ (၆) ကြောင်း အထိ တိုးချဲ့ လှုပ်ရှား လာခဲ့သည့် အပြင် ကင်းစခန်း ငယ်များကိုလည်း KIA ၊ SSPP/SSA နှင့် TNLA တပ်စခန်း အနီးသို့ တည် ဆောက် လာတာ တွေ့နေ ရကြောင်း ဆိုပါသည်။

ဤစစ်ဆင်ရေး အနေ အထားသည် အဝေးထိုး စနစ် မဟုတ်ဘဲ အနီးကပ် ထိမ်းကြောင်းသည့် အနေဖြင့် ကင်းစခန်း ငယ်များ တည်ဆောက်ကာ TNLA အပါဝင် မဟာမိတ် တပ်စခန်း များကို  အနီးကပ် ခြေမှုန်းရန် ပြင်ဆင် လာသည်ဟု TNLA က ခန့်မှန်း ထားပါသည်။

ဤရာသီ သည်လည်း တအာင်း အမျိုးသား များအတွက် ရွှေဖီ လက်ဖက် ခူးသော ရာသီ ဖြစ်သောကြောင့် တိုက်ပွဲများ မဖော်ဆောင် မိရန် ပြီးခဲ့သည့် မတ်လ (၂၂) ရက်နေ့က TNLA က လက်အောက်ခံ တပ်ဖွဲ့ များကို အမိန့် ထုတ်ပြန် ထားပါသည်။

သို့သော် အစိုးရတပ်ဖွဲ့တို့သည် ကွပ်ခိုင် မြို့နယ်နှင့် နမ့်ဆန်မြို့နယ် အတွင်းသို့ ပြီးခဲ့သည့် မတ်လကုန်းပိုင်း၌ စတင်တိုက် ခိုက် လာသဖြင့် တိုက်ပွဲများ မလွှဲ မရှောင်သာ ဖြစ်လာ နေပါသည်။ အထူးသဖြင့် တိုက်ပွဲကို ရှောင်ရှားသည့် အနေဖြင့် TNLA တပ်ဖွဲ့ များဘက်က နေရာ များစွာ ရှောင်ရှား ပေးခဲ့ ရသည်။ ဤကဲ့သို့ ရှောင်ရှား လာကာ နောက်ဆုံး အနေဖြင့် ရှောင်စရာ နေရာ များ မရှိတော့ သောကြောင့် ပြန်လည် ခုခံရင် တိုက်ပွဲများ ဖြစ်ပွား လာခဲ့သည်ဟု ဗိုလ်မှူးက ဆိုပါသည်။

ယခု ရက်ပိုင်း တွင်လည်း ရှမ်းပြည် မြောက်ပိုင်း၌ရှိ ကျောက်မဲ၊ သီပေါ၊ လားရှိုး၊ နမ္မတူ၊ မန်တုံ၊ သိန္နီ၊ ကွတ်ခိုင်၊ နမ့်ခမ်း မြို့နယ် များတွင် အခြေစိုက် ထားသော အစိုးရ ခမရ ၅၀၁၊ ၅၀၂၊ ၅၀၃၊ ၅၀၄၊ ၅၀၇၊ ၃၂၄၊ ခလရ- ၂၃၊ ၁၃၀၊ ၁၄၄၊ ၄၅၊ ၆၈၊ ၆၉၊ ၂၄၀၊ ၁၂၃ စသည့် တပ်ရင်း ၁၀ ရင်းကျော်မှာ တအာင်း ဒေသထဲသို့ ထိုးစစ် ဆင်လာ သဖြင့် နှစ်ဖက် ရင်ဆိုင် တိုက်ပွဲများ ခပ်စိပ်စိပ် ဖြစ်ပွား နေခဲ့သည်ဟု TNLA က ဆိုပါသည်။

ယခင်က အစိုးရ၏ တပ်ရင်း  ရင်း ခန့်သာ လှုပ်ရှား နေရာမှ ယခုတပ်ရင်း ၁၀ ရင်း ကျော် အထိ တိုးမြင့် လာသဖြင့် အစိုးရ တပ်အင်အား အနည်းဆုံး ,၀၀၀ ခန့် ထိုးစစ် လှုပ်ရှား နေသည်ဟု ဗိုလ်မှူး မိုင်ဘုန်းကျော်က ပြောသည်။

TNLA တအာင်း တပ်ဖွဲ့ တို့သည် ၂၀၁၂ ခုနှစ် သြဂုတ်လ ၂၈ ရက်နေ့မှ စတင်ပြီး ဘိန်းတိုက်ဖျက်ရေး အစီ အစဉ်ဖြင့် တအာင်းနယ်မြေ ဒေသသို့ ဝင်ရောက် လှုပ်ရှား လာခဲ့သည်။
အစိုးရနှင့် ပလောင်ပြည် လွတ်မြောက်ရေး တပ်တော် (PSLA) တို့ ၁၉၉၁ ခုနှစ်က အပစ်အခတ် ရပ်စဲရေး ရယူ ခဲ့ပြီးနောက် ၁၉၉၃ ခုနှစ်တွင် ပလောင်ပြည် လွတ်မြောက်ရေး တပ်ဦး ( PSLF) ကိုပြန်လည် ထူထောင်ပြီး တအာင်း အမျိုးသားရေး အတွက် ဆက်လက် တိုက်ပွဲဝင် ခဲ့ကြသည်။ သို့သော် ၂၀၀၅ ခုနှစ်တွင် PSLA က အစိုးရထံ လက်နက်နှင့် ငြိမ်းချမ်းရေး လဲလှယ် ခဲ့သောကြောင့် ၂၀၁၁ ခုနှစ်တွင် တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တပ်ဖွဲ့ကို ဖွဲ့စည်းခဲ့သည်။

ရွှေဟင်္သာ


Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here