Saturday, April 6, 2013

"တရုတ်နိုင်ငံလုပ် လက်နက်ပုန်းသေနတ်များ ဖမ်းဆီးရမိ"

0 comments
ဧပြီ(၆)

၎-၄-၂၀၁၃ ရက်နေ့ ၁၃၃၀ အချိန် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ မြို့မရဲစခန်းမှ 


တပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများနှင့်အတူ မြိတ်မြို့၊ နောက်လယ်ရပ်ကွက်၊ (၁၀)လမ်း ရှိ 

““ဦးချစ်ဟို”” ဆောက်လုပ်ရေး/လျှပ်စစ်/အိမ်သုံးပစ္စည်းအရောင်းဆိုင်အား ၀င်ရောက်ရှာဖွေခဲ့သည်။

 

ထိုသို့ရှာဖွေခဲ့ရာ မြိတ်မြို့၊ နောက်လယ်ရပ်ကွက်၊ (၁၀)လမ်းနေ ဆိုင်အရောင်းတာဝန်ခံမယဉ်ယဉ်အေး 

(၂၉)နှစ်အား တွေ့ရှိရပြီး ဆိုင်အတွင်းမှ ANDALAS AIR RIFFLE စာတမ်းပါ ဒင်မှပြောင်းအထိ 

အရှည် ၃ ပေ ၃လက်မခန့်ရှိ တရုတ်နိုင်ငံလုပ် လေသေနတ် ၅ လက်နှင့် JANDAO စာတမ်းပါ 

တရုတ်နိုင်ငံလုပ် ဒူးလေးသေနတ် ၁ လက်တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် တရားဝင်ခွင့်ပြုချက် 

မရှိဘဲ လက်ဝယ်ထားရှိသူ မယဉ်ယဉ်အေးအား မြိတ်မြို့မရဲစခန်း(ပ)၁၇၄/၂၀၁၃ လက်နက်ဥပဒေပုဒ်မ 

၁၉(စ)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။


(ရဲဇာနည်)

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here