Thursday, April 4, 2013

တာချီလိတ်မြို့နယ်တွင် WY စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

0 comments
ဧပြီ(၄)



ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့၊ ၀ိန်းကျောက်ကျေးရွာမှ အေပြီလ (၃) ရက်နေ့ နေ့လည်ပိုင်း တွင် တာချီလိတ်မူးယစ်အဖွဲ့များမှ WY စာတမ်းပါ ပန်းရောင်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဧပြီလ (၃) ရက်နေ့ နေ့လည်ပိုင်းတွင် နယ်မြေခံတပ်၊ တာချီလိတ်မူးယစ်အထူးအဖွဲ့နှင့် တာချီလိတ် ရဲစခန်း မှ အဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့၊ ဟောင်လိတ်အုပ်စု၊ ၀ိန်းကျောက်ကျေးရွာ အာခါဈေးလမ်းရှိ ဦးလီဂျို၏နေအိမ်အား ၀င်ရောက်ရှာဖွေရာမှ နေအိမ် အိပ်ခန်းအတွင်း အ၀တ်ထည့်သည့် သံသေတ္တာအတွင်းမှ WY စာတမ်းပါ ဆေးပြားများ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။အ၀တ်ထည့်သည့် သံသေတ္တာ အတွင်း အဖြူရောင်ကော်ဘူးငယ်ထဲတွင် အပြာရောင် ပလပ်စတစ်အိတ်ဖြင့် ထည့်ထားသော WY စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား (၂၇၀)ပြား ခန့် ကာလတန်ဖိုးအားဖြင့် ၅ သိန်းကျော်ဖိုး သိမ်းဆည်း ရမိခဲ့သည်။

မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူ အိမ်ရှင်ဦးလီဂျိုအား တာချီလိတ်ရဲစခန်းမှ အမှုဖွင့်အရေးယူ ထား ကြောင်းသိရသည်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here