Sunday, May 19, 2013

နိုင်ငံတကာမှ အဖွဲ့ဝင်နိုင်ငံများ ပါဝင်သည့် BIMSTEC ဆွေးနွေးပွဲ အခမ်းအနားကို ဒဂုံတက္ကသိုလ်၌ ပထမဆုံးအကြိမ် ကျင်းပ

0 comments

မေလ ၁၉ ရက်

BIMSTEC အဖွဲ့ဝင် နိုင်ငံများ ပါဝင်သည့် Curtain Raiser on BIMSTEC ဆွေးနွေးပွဲ အခမ်းအနားကို ဒဂုံတက္ကသိုလ်၌ ပထမဆုံး အကြိမ်အဖြစ် မေ ၁၅ ရက်က ကျင်းပခဲ့ကြောင်း သိရသည်။ 

အိန္ဒိယသမ္မတနိုင်ငံ၊ ကိုလ်ကတ္တား တက္ကသိုလ်၊ နိုင်ငံတကာမူဝါဒ လေ့လာရေးဌာန Institute of Foreign Policy Studies (IFPS)၊ ပညာရေး ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် နိုင်ငံတကာ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု လေ့လာရေးဌာန Centre For Studies in International Relations and Development (CSIRD) တို့နှင့် ဒဂုံတက္ကသိုလ်တို့အကြား BIMSTEC ပညာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်အရ ကျင်းပပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။

အခမ်းအနားတွင် မြန်မာစာတမ်းရှင် လေးဦးနှင့် အိန္ဒိယနိုင်ငံမှ စာတမ်းရှင် သုံးဦးတို့က စာတမ်းခုနစ်စောင် ဖတ်ကြားတင်သွင်းခဲ့သည်။

"ဒီညီလာခံမှာက BIMSTEC အဖွဲ့ဝင် နိုင်ငံတွေက ပညာရှင်တွေ၊ သံတမန်တွေက အဖွဲ့အစည်းကြီးအပေါ် အမြင်တွေကို ရှု့ထောင့်အဖုံဖုံနဲ့ ဆွေးနွေးခဲ့ကြပါတယ်။ ဒီလို ဆွေးနွေးရခြင်းကတော့ BIMSTEC အဖွဲ့ကြီးရဲ့ အနာဂတ် ဦးတည်ချက် မြေပုံကို ရေးဆွဲပြင်ဆင်နိုင်ဖို့ ဖြစ်ပါတယ်။ နံနက် ၁၀ နာရီကနေ စတင်ပြီး ညနေ ၃ နာရီခွဲမှာ အခမ်းအနား ပြီးဆုံးခဲ့ပါတယ်" ဟု ညီလာခံသို့ တက်aရာက်ဆွေးနွေးသူ တစ်ဦးက ဆိုသည်။ 

"ဒဂုံတက္ကသိုလ်နဲ့ အိန္ဒိယနိုင်ငံ ကိုလ်ကတ္တား တက္ကသိုလ်တို့က မြန်မာနိုင်ငံကို အိန္ဒိယ ၀န်ကြီးချုပ် လာရောက်စဉ်အတွင်း နေပြည်တော်မှာ ပညာရေးဆိုင်ရာ နားလည်မှု စာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ အခုဆွေးနွေးပွဲက အဲဒီရဲ့ ရလဒ်တစ်ခုလည်း ဖြစ်ပါတယ်။ ဒဂုံတက္ကသိုလ်က နိုင်ငံတကာက တက္ကသိုလ်တွေနဲ့လည်း ချိတ်ဆက်ဆောင်ရွက်သွားဖို့ အစီအစဉ်တွေ ရှိတယ်" ဟု ဒဂုံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာလှဌေးက ဆိုသည်။ 

BIMSTEC အဖွဲ့၌ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ မြန်မာ၊ သီရိလင်္ကာ၊ ထိုင်း၊ နီပေါနှင့် ဘူတန်နိုင်ငံတို့ ပါဝင်သည်။ 

Eleven Media Group

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here