Monday, May 20, 2013

(၁၆)ကြိမ်မြောက် ရှမ်းစာပေဖွံ့ဖြိုးရေးနွေရာသီသင်တန်းထူးချွန်ဆုပေး

0 comments
မေလ ၂၀ ရက်

ဗန်းမော်ခရိုင် ၊ ရှမ်းတိုင်းရင်းသားများစာပေ နှင့် ယဉ်ကျေးမှုအသင်းမှ ကြီးမှူးကျင်းပသော ၁၆ကြိမ်မြောက် ရှမ်းစာပေဖွံ့ဖြိုးရေးနွေရာသီသင်တန်း ထူးချွန်ဆုရကျောင်းသား/သူများအား ဂုဏ်ပြုဆုပေးပွဲအခမ်းအနား ကို ၁၅.၅.၂၀၁၃ နေ့နံနက် (၇း၃၀)နာရီက ဗန်းမော်မြို့ ၊ စီအင်(၅)မိုင် မံခွန်ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ခရိုင်ရှမ်းတိုင်းသားစာပေ နှင့် ယဉ်ကျေးမှုအသင်း ဥက္ကဌ ဦးစိုင်းဆာအေးက  ”ရှမ်းလူမျိုးစုနွယ် (၃၀)ရှိရာနယ်မြေအနေအထားအလိုက် စကားပြောလေယူလေသိမ်းသံ ကွာခြားပေမဲ့ ရှမ်းစာပေက တော့ ဘုံသုံးစာပေဖြစ်တယ် ၊ မျိုးချစ်စိတ်ထက်သန်စွာဖြင့် စေတနာအပြည့်အ၀ထားပြီး လက်ဆင့်ကမ်း ကြိုးစားခဲ့ကြလို့ (၁၆)ကြိမ်မြောက်တိုင်အောင်ကျင်းပနိုင်ခဲ့တာဖြစ်တယ် ၊ တိုက်ပွဲတွေဖြစ်ပွား တဲ့  ဒေါ့ဖုန်းယန်မြို့နယ်ခွဲ နဲ့ မံစီမြို့နယ်အတွင်းနေထိုင်သူများကို စုစည်းပြီး သင်ကြားပေးနိုင်ခဲ့သလို ဗန်းမော်မြို့ ၊ တံခွန်တိုင်ကျောင်း ၊ မိုးမောက် နိသောကရာကျောင်း ဒုက္ခသည်စခန်း၌နေထိုင်သူများ အပါအ၀င် ဗန်းမော်ခရိုင်(၄) မြို့နယ် အတွင်းရှိ ကျေးရွာပေါင်း(၆၇)ရွာတွင် စာသင်ဝိုင်း  (၆၇)၀ိုင်းဖြင့် လုပ်အားပေး ဆရာ/မ ၁၂၉ ယောက်မှ ကျောင်းသား ၊ ကျောင်းသူ (၅၃၄၈) ယောက်ကို သင်ကြားပေးနိုင်ခဲ့ပါတယ်”ဟုပြောကြားခဲ့သည်။

ထို့နောက်စာပေထူးချွန်ဆုရာကျောင်းသား/သူ (၁၅)ယောက် အား ဆုများချီးမြှင့်ကာ လုပ်အားပေး ဆရာ/မ များကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ကြောင်း ၊ မိတ်ဆုံထမင်းစားပွဲဖြင့် တည်ခင်းဧည့်ခံပြီး အခမ်းအနားကို နံနက် ၁၁ နာရီ တွင် ရုတ်သိမ်းခဲ့ကြောင်းသိရသည်။

HotNews

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here