Wednesday, May 8, 2013

ဟိုပုံးတွင် ဒီမိုပအိုဝ်းလူငယ်အဖွဲ့မှ လူ့ဂုဏ်သိက္ခာမြင့်တင်ရေးသင်တန်းဖွင့်

0 comments
မေ(၈) ရက်

ဒီမိုပအိုဝ်းလူငယ်အဖွဲ့မှ ဦးစီး၍ လူ့ဂုဏ်သိက္ခာမြင့်တင်ရေးသင်တန်းကို မေလ ၁ ရက်နေ့ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၊ ကျောက်တန်းကျေးရွာအုပ်စု နမ်းဟူးဘုန်ကြီးကျောင်း၌ စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ယင်းသင်တန်းအား သင်တန်းသားစုစုပေါင်း တစ်ရာကျော်ခန့် တက်ရောက်လေ့လာပြီး သင်တန်းဖွင့်လှစ်ပွဲ အခန်းအနားမှာ နမ်းဟူးကျောင်းဆရာတော် ဦးဝါယာမ သြ၀ါဒခံစကား မိန့်ကြားခဲ့သည်။ 
“ဒီမိုကရေစီထွန်းကားနိုင်ရေး အရပ်ဖက်လူ့အဖွဲ့စည်း များများလိုတယ်။ ခေတ်စနစ် နားမလည်သော ရွာသားများကို ရွှေနုတ်ခမ်းမွေးရှိသော ပညာတတ်လူငယ်ပါးစပ်နှင့် ဖွင့်ပေးရန်လိုအပ်တယ်၊ ဒါမှလူ့အခွင့်ရေးနှင့် ဒီမိုကရေစီသဘောတရားကို သိနိုင်မယ်” 
ဟု နမ်းဟူးဆရာတော် ဦးဝါယာမက မြွတ်ကြားခဲ့သည်။ 

လူ့ဂုဏ်သိက္ခာမြင့်တင်ရေးသင်တန်းကို အဓိကဒီမိုကရေစီ စည်းမျဉ်းစည်းကမ်းနှင့် လူ့အခွင့်ရေးများ သင်ကြားပြီး စစ်အာဏာရှင်လက်ထက်ကရှိသော အကြောက်တရားများ ပပျောက်အောင်၊ မတရားအနိုင်ကျင့်ခံနေရမှု လျှောနည်းအောင်၊ လွတ်လပ်ခြင်းတဘောတရား၊ အခွန်နှင့် ဒီမိုကရေစီးများ ပါဝင်ကြောင်း သိရသည်။ 

“ခေတ်ပြောင်စနစ် ပြောင်းနေပြီးဖြစ်သည့်အတွက် သတ္တိရှိရှိ ရဲရဲဝံ့ဝံ့ပြောဆိုကြပါ” ဟူသော ပြည်သူ့ လွတ်တော်ဥက္ကဌ သူရဦးရွှေမန်းစကားကို ဥပမာပေးပြီး စနစ်အပြောင်းအလည်း ကာလ တွင် ပြည်သူများသတ္တိရှိဖို့၊ အကြောက်တရားကင်းဖို့လိုကြောင်း သင်တန်းဆရာ ခွန်ခမ်းကောင်က တိုက်တွန်းလိုက်သည်။ 

ကျောက်တန်း နမ်းဟူးသင်တန်းကို ၃ ရက်ကျင်းပပြီး သင်တန်းနောက်ဆုံးနေ့တွင် ဆီဆိုင်မြို့နယ် နမ်းသြရွာမှ ဆရာမနန်းချိုခမ်းက ဘာသာရေးပြဿနာအကြောင်း တင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။ 

၎င်းမှာ ဆီဆိုင်မြို့နယ်တွင်းရှိ ရပ်ရွာဒေသများသည် မိတ္ထိလာအရေးခင်ဖြစ်ပြီး ဘာသာရေးပြဿနာ စိုးရိမ်နေရပြီး၊ တစ်ချို့ကျေးရွာများတွင် သောက်ရေကန်ထဲ (သို့မဟုတ်) အစားအစာများတွင် အသက်တိုဆေးနှင့် လူမျိုးတုန်းဆေးများ ခပ်ထည့်နေသည့်ကောလာဟလ သတင်းများ ကြားသိနေရကြောင်း ဆိုသည်။ 

ယင်းအခြေအနေကြောင့် ယခုတွင် ရွာတိုင်းမှာ ရွာစောင့်ထားပြီး လုံခြုံရေး ထားနေရကြောင်း၊ ကျွန်မတို့ဒေသတွင်လည်း ရောက်မလာနိုင်ဘူးလို့ ပြောမရကြောင်း၊ သတိရှိဖို့လိုကြောင်း သင်တန်းသားများကို သတိပေးသွားခဲ့ကြောင်း သိရသည်။ 

သင်တန်းတွင် ဟိုပုံးမြို့နယ်အတွင်းရှိ နမ်းဟူးရွာ၊ ထီဖူးရွာ၊ လုံမှီရွာ၊ နောင်ကုန်းရွာ၊ ပူးတန်ရွာ စသည့် ကျေးရွားပေါင်း ငါးရွာမှ သင်တန်းသားများ ပါဝင်တက်ရောက်သင်ယူလေ့လာခဲ့ကြောင်း သိရသည်။
 
တောင်ကြီးတိုင်းမ်
 
 

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here