Wednesday, May 8, 2013

နောင်မွန်ကျေးရွာ ရန်ပုံငွေကောက်ခံခြင်း တရားမျှတမှုမရှိဟု ဒေသခံကဆို

0 comments
မေ(၈)ရက်

တစ်ပတ်တစ်ကြိမ် ဈေးနေ့ဖြစ်သော ဆီဆိုင်မြို့နယ် နောင်မွန်ကျေးရွာတွင် ဘီးခွန်နှင့်မီးသတ်တပ်ဖွဲ့ ရန်ပုံငွေကောက်ခံမှု၌ ဌာနတံဆိပ်နှင့်ပြေစာမပါဘဲ ကောက်ခံနေမှုကို တရားမျှတမှုမရှိဟု မေလ ၄ ရက်နေ့တွင် နောင်မွန်ဒေသခံများက ဆိုသည်။ 



မေလ ၅ ရက်နေ့၌ ကျရောက်သော မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့တွင် သင်တန်းသားအသစ်များ ၀တ်စုံနှင့် စရိတ်များအတွက် ရန်ပုံငွေကောက်ခံနေရကြောင်း၊ ဆီဆိုင်မြို့မီးသတ်တပ်ဖွဲ့က အမိန့်ပေးပြီး နောင်မွန်ကျေးရွာတာဝန်ခံ ဆရာထိန်လင်းက ကောက်ခိုင်းကြောင်း၊ မီးသတ်တပ်ဖွဲ့သင်တန်းကို မေလ ၅ ရက်၊ ၆ ရက်၊ ၇ ရက်၊ သုံးရက် ကျင်းပမည်ဖြစ်ကြောင်း နောင်မွန်ကျေးရွာတောင်ဘက်ဂိတ် ကောက်ခံသူ လင်းလင်း က ပြောသည်။ 

ရွာသားများက ဘာမှမသိ၍ ကောက်ခံသမျှကို ပေးနေရကြောင်း၊ ခါကြီးရက်ကြီးတွင် ဘီးခွန်ကို ၂၅၀၀ ကျပ်၊ ၃၀၀၀ ကျပ် ကောက်ခံနေကြောင်း၊ တချို့ပြည်သူများမှာ ပြန်ပြော၍ မကောက်တော့ကြောင်း၊ ယခုတွင်လည်း ဌာနဆိုင်ရာတံဆိပ်နှင့် ပြေစာမပါပဲ ဆိုင်ကယ်ပေါ်စတိပ်ကာ ကပ်ပြီး ငွေ ၅၀၀ ကျပ်ကို အမိန့်ပေးကောက်ခံနေကြောင်း၊ ဘီးခွန်နှင့် မီးသတ်တပ်ဖွဲ့ဘာမှမသက်ဆိုင်ကြောင်း၊ ဒါကိုအာဏာအလွဲသုံးစားနေကြောင်း နောင်မွန်ဈေးသို့ လာသော နောင်မွန်ကျေးရွာအုပ်စု ကုံကျောင်းရွာနေ တောင်ယာလုပ်ကိုင်သူ အသက် ၄၀ ၀န်းကျင် ဒေသခံတစ်ဦးက ပြောသည်။ 



မြို့ဝင်ဘီးခွန်ကို စည်ပင်မှ ကန်ထရိုက်ဆွဲပြီး နောင်မွန်ကျေးရွာပြည်သူ့စစ်က တာဝန်ယူကောက်ခံနေ ကြောင်း၊ အဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများနှင့် နောင်ခမ်းသင်တန်းသားများကို မကောက်ခံကြောင်း၊ ဂိတ်နှစ်ခု ကောက်ခံရခြင်းမှာ တစ်ချို့တောင်ဘက်လာသောယာဉ်များတွင် ဈေးအထိသာလာကြောင်း၊ ထို့ကြောင်း ဂိတ်နှစ်ခု စောင့်ပြီး ကောက်ခံနေရကြောင်း၊ ၎င်းတို့သည် နေ့စားအဖြစ် ဘီးခွန်ကောက်ခံနေရကြောင်း၊ နိုင်ငံတော်ဘတ်ဂျက်သို့ ဘယ်လောက်ဝင်သည်ကို မသိကြောင်း မြို့ဝင်ဂိတ်ဘီးခွန်ကောက်ခံသူ တစ်ဦးက ဆိုသည်။ 
 
တောင်ကြီးတိုင်းမ်

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here