Monday, May 6, 2013

အင်းသားပညာရေးဖောင်ဒေးရှင်းဖွဲ့စည်းထူထောင်ရန်ဆွေးပွဲပြုလုပ်

0 comments

6.5.2013

    တောင်ကြီးမြို့ ချမ်းမြသာစည်ရပ်ကွက် နဂါးပွတ်ကျောင်းတိုင်တွင် ယမန်နေ့ နံနက် ၉နာရီမှ ညနေ့ ၃နာရီခန့်အထိ အင်လေးကန် တည်တံ့ရေး နှင့် အင်းသားပညာရေး ဖောင်ဒေးရှင်းဖွဲ့စည်း ထူထောင်ရန် ဆွေးနွေးပွဲ ကိုပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။ ဆွေးနွေးပွဲတွင် နဂါးပွတ်ကျောင်း ထိုင် ဆရာတော်မှ အင်းလေး ကန် တည်တံ့ရေးအားလုံးဝိုင်းဝန်းအကြံပေးရန်၊ အင်းလေးကန် အား ထိန်းသိမ်းမှုများနျင့် ကန်တိမ်သွားရသည့် အကြောင်း ကိုရှာဖွေရန် အမိန့်ကြားခဲ့ကြောင်း သိရှိရပါသည်။
    ဆွေးနွေးပွဲသို့ အင်းတိုင်းရင်းသားဝန်ကြီးတက်ရောက်ခဲ့ပြီး အခမ်း အနားဖြစ်မြောက်အောင် ဆောင်ရွက် ပေးကြတဲ့သူများ ကိုကျေးဇူး တင်ကြောင်းနှင့် အင်းသားဖောင်ရှင်းအား ယခင် ကတည်းက လိုအပ်ကြောင်း၊ အင်းလေးကန်ရေရှည် တည်တံ့ခိုင်မြဲရေးအတွက် လုပ်ဆောင်ရန် ၀ိုင်းဝန်း အကြံပေးကြရန် တောင်းဆို ခဲ့ကြောင်း သိရှိရပါသည်။ အင်းတိုင်းရင်းသား ၀န်ကြီးမှ အစိုးရမှကူညီဆောင်ရွက်ပေးမှုတစ်ခုတည်းဖြင့် မလုံလောက်ဘဲ မိမိတို့ အင်းသူ အင်းသားများက အဓိကလုပ်ဆောင်ဖို့လိုအပ်ကြောင်း လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေး မည်ဖြစ်ကြောင်းပြောကြား ခဲ့သည်ဟုတက်ရောက်ခဲ့သူ တစ်ဦးမှပြောပြခဲ့ပါသည်။ ဆွေးနွေးပွဲသို့ အင်းတိုင်းရင်းသားဝန်ကြီး ၊ ကလောမြို့နယ် ပြည်သူ့လွတ်တော် ကိုယ်စားလှယ် နှင့် အင်သူ အင်းသားများတက်ရောက်ခဲ့ပြီး အင်းသားဖောင်ဒေးရှင်း ဖြစ်မြောက်ရေး ကော်မတီ ဖွဲ့စည်းပေး ခဲ့ကြောင်း သိရှိရပါသည်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here