6.5.2013
အောင်ပန်းမြို့ မဟာဂန္ဓာရုံကျောင်းတွင် ယမန်နေ့ မနက် ၉နာရီခွဲခန့်က စာရေးဆရာကြီး ဒဂုံတာရာ၏ အသက် ၉၄ နှစ်ပြည့် မွေးနေ့ပွဲအားကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။ မွေးနေ့ပွဲသို့ ဆရာကြီး ဒဂုံတာရာက ကျန်းမာရေးအခြေအနေအရ တက်ရောက်နိုင်းခြင်း မရှိခဲ့ဘူးလို့ တက်ရောက်ခဲ့သူတစ်ဦးကပြောပြခဲ့ပါသည်။ မွေးနေ့ပွဲသို့ ဆရာကြီး၏ ဆွေမျိုးများနှင့် ရန်ကုန်၊မန္တလေးနှင့် တောင်ကြီးမှ စာရေးဆရာ၊ ကဗျာ ဆရာများနှင့် ပြည်တွင်း ပြည်ပမှသတင်းစာဆရာများ၊ သတင်းထောက်များ တက်ရောက်ခဲ့ပြီး စုစုပေါင်း ၁၀၀ကျော် လောက် တက်ရောက်ခဲ့သည်ဟုသိရှိရပါသည်။

မွေးနေ့ပွဲတွင် မဟာဂန္ဓာရုံဆရာတော်နှင့် မန္တလေးမစိုးရိမ်ကျောင်း တိုက် မှ စာချ ဆရာတော်တို့က သြ၀ါဒမိန့်ခွန်းနှင့် မွေးနေ့ဆုတောင်းမေတ္တာ ပို့သခဲ့ကြောင်း၊ ပေးပို့လာသော သ၀ဏ်လွှာများကိုဖတ်ကြားခြင်း၊ မွေးနေ့ လက်ဆောင်များပေးအပ်ခြင်းနျင့် တက်ရောက် လာသူများမှ ဆရာကြီး ဒဂုံတာယာရေးသားထားသော ကဗျာများကိုဖတ်ခဲ့ကြကြောင်း သိရှိရပါသည်။ တက်ရောက်သူများကို ဒဂုံတာရာ၏လုပ်ဆောင်ချက်များကို ဗွီဒီယို မှတ်တမ်း များအားပြသပြီး ဒန်ပေါက်ထမင်းဖြင့် ကျွေးမွေးဧည့်ခံခဲ့ကြောင်း သိရှိရ ပါသည်။