`လေပြင်းကြောင့် နောင်ချိုမြို့နယ် တောင်းခမ်းကျေးရွာတွင်အိမ်ခြေ ၅၀
ခန့်အိမ်ခေါင်မိုးများ လန်ထွက်ပြုတ်ပါ ပျက်စီးခဲ့ရပါတယ်` ဟု
တောင်းခမ်းကျေုးရွာမှ ဒေသခံတစ်ဦးက ပြောသည်။
ထို့ပြင်
နောင်ချိုမြို့နယ်အတွင်းရှိ သစ်ပင်ကြီးများ ပြိုလဲခြင်း ဖြစ်ပေါ် ခဲ့သလို၊
နောင်ချိုမြှိုတွင်းရှိ လူနေရပ်ကွက်များတွင်လည်း အိမ်အမိုး ဖျက်ဆီးခြင်း၊
အမိုးလန်သွားခြင်း စသည့် ပျက်ဆီး ထိခိုက်မှုများ ရှိကြောင်း သိရှိရသည်။
လေပြင်းတိုက်ခတ်မှု ဒဏ်ကြောင့်လေပြင်းတိုက်ခတ်ခံခဲ့ရသူများအား သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ် ရေးမှုး / မြို့ယ်စည်ပင် သာယာဦးစီးမှုး /ပြည်သူ့ဆောက်လုပ်ရေးဌာနမြို့နယ် အင်/ယာမှုး /မြို့နယ်ရဲတပ်ဖွဲ့မှုးနှင့်မြို့နယ်မီးသတ်တပ်ဖွဲ့မှုးအပါဝင်
တာဝန်ရှိပုဂ္ဂိလ်များနှင့်အဖွဲ့တို့မှ ကူညီပေးနိုင်ရေးအတွက် စာရင်းကောက်ခြင်းများ ပြုလုပ်လျက်ရှိသည်။
`အကူအညီတွေကတော့ လိုအပ်နေပါတယ်၊ ထိခိုက်မှုတွေလည်းရှိတော့ တတ်နိုင်တဲ့
သူတွေ ကူညီကြပါဦး`ဟုနောင်ချို မြို့နယ်၊တောင်းခမ်းကျေးရွာသူ တစ်ဦးက
ပြောသည်။
မြစ်မခ