Friday, May 3, 2013

UWSA “ ၀ ” အဖွဲ့မှ BP 1 အနီးတွင် မိုင်းများထောင်

0 comments


မေ ၃ ရက်

UWSA အဖွဲ့ မှ BP 1 အနီးတွင် ကားသွားနိုင်သောလမ်းများမှလွဲပြီး မိုင်းများကိုထောင်ထားကြောင်း သိရှိရပါသည်။ မိုင်း များကို ဧပြီလ နောက်ဆုံးပတ်မှစတင်ပြီး တိုက်မိုင်းများနှင့် နင်းမိုင်းများကို လူသွား လမ်း များနှင့် တောလမ်းများတွင် မိုင်းအလုံး ၁၀၀ ကျော်ကို ထောင်းထားကြောင်းသိရှိရပါသည်။ ၎င်းမိုင်းများကြောင့်  လွန်ခဲ့သော ၃ ရက် ၄ ရက်ခန့်က ထိုင်းနိုင်ငံမှ တစ်ဦး မိုင်းနင်းမိသေဆုံးခဲ့ကြောင်း၊ ကျွဲနွားများလည်း မိုင်းနင်းမိပြီး သေဆုံးမှုများရှိကြောင်းသိရှိရသည်။ 

လားဟူ အဖွဲ့များက “ ၀ ” အင်္ကျီများကို ၀တ်ပြီး ၎င်းနယ်မြေအတွင်းတွင် မူးယစ်ဆေးဝါးသုံးများနှင့် တရားမ၀င် လုပ်ငန်းများလုပ်ကိုင်နေချင်းကြောင့် UWSA အဖွဲ့မှ မိုင်းထောင်ခြင်းဖြစ်ကြောင်း၊ အစိုးရနှင့် ငြိမ်းချမ်းရေးကို လုပ်ဆောင်နေချိန် ဖြစ်တာကြောင့် မိမိတို့တပ်ဖွဲ့ကို အထင်မှားဖြစ်မှုများ ဖြစ်ပေါ် လာနိုင်ခြင်းကြောင့် UWSA အဖွဲ့မှ အရာရှိတစ်ဦးကဆိုပါသည်။

“ ငါတို့ အဖွဲ့လိုယောင်ဆောင်ပြီး ဘိန်းသယ်တယ်ကွာ၊ ဆေးပြားတွေသယ်တယ်၊ နောက်ပြီးငါတို့လို့ အပြောမခံနိုင် နောက်ပြီး ငါတို့က အစိုးရနှင့် ငြိမ်းချမ်းရေးလုပ်ထားတုန်း ဒီလိုမျိုးငါတို့လုပ်တာလို့ အစိုးရက ထင်မှာစိုးတယ်ကွာ အဲဒါကြောင့် ငါတို့မိုင်းထောင်ထားတာ ဒါပေမယ့် ငါတို့ အစိုးရတပ်တွေနားမှာလဲ မထောင်ဘူး ကားလမ်းတွေမှာလဲမထောင်ဘူး ဒီကောင်တွေ မှောင်ခိုလုပ်တဲ့လမ်းမှာ ထောင်တာ” ဟု UWSA မှ အရာရှိတစ်ဦးက ပြောဆိုခဲ့ပါသည်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here