Thursday, June 13, 2013

ဒီမိုကရေစီ အခြေခံတရားများစာအုပ် တောင်ကြီးတွင် အခမဲ့ဖြန့်ချိ

0 comments

ဇွန်လ ၁၃ ရက်
 
စာရေးဆရာ ဆလိုင်းကစ်ပ်ခိုလျန်၏ ဒီမိုကရေစီအခြေခံတရားများ အမည်ရ စာအုပ်ကို တောင်ကြီးမြို့တွင် ဇွန်လ ၁၁ ရက်ကစတင်ပြီး အခမဲ့ ဖြန့်ဖြူးပေးလျက်ရှိကြောင်း ယင်းစာအုပ်ကို မိတ်ဆက်သူ ကိုဆလိုင်းမာန်က မဇ္ဈိမကိုပြောသည်။

Democracyစာအုပ်ရေးသူသည် မြန်မာနိုင်ငံတွင်းတွင်ရှိသော
နိုင်ငံသားအခွင့်အရေး၊ ငြိမ်းချမ်းရေး၊ လွတ်လပ်ရေး အတွက် မီးမောင်းထိုးပြပေးထားခြင်းဖြစ်ပြီး ယင်းစာအုပ် အတွက် ငါးနှစ်ခန့်အချိန်ယူခဲ့ရပါတယ်ဟု ကိုဆလိုင်းမာန် က ပြောသည်။

၎င်းက "ဒီမိုကရေစီနဲ့ပတ်သတ်တဲ့ စာအုပ်တွေ အရမ်း နည်းခဲ့တယ်။ ဒါက လည်း ခေတ်အဆက်ဆက် ဖိနှိပ်မှု များခဲ့တာကြောင့် ဖြစ်ပါတယ်။ အခု ကျွန်တော် မိတ်ဆက်ပြီးတော့ အခမဲ့ဖြန့်ဝေနေတဲ့ ဒီမိုကရေစီ အခြေခံတရားစာအုပ်ဟာ ဒီမိုကရေစီနဲ့ပတ်သက်ပြီး အစီအမံစုံလင်စွာနဲ့ မြန်မာနိုင်ငံမှာ ပထမဆုံးထွက်တဲ့ ဒီမိုကရေစီစာအုပ်ဖြစ်ပါတယ်" ဟု ပြောသည်။

၎င်းကဆက်လက်၍ ''မြန်မာနိုင်ငံအတွက်လည်း အသင့်တော်ဆုံး စာအုပ် ဖြစ်မှာပါ။ ဒီမိုကရေစီ အကူးအပြောင်း ကာလတွင် အခမဲ့ဖြန့်ချိပေးခြင်းဖြစ်ပါ တယ်။ တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် အုပ်ရေ ၅ဝဝဝ ဖြန့်ပေးသွားမှာပါ'' ဟု ပြောသည်။

ယင်းစာအုပ်ကို လွှတ်တော်တွင်လည်း ဝေသွားရန်ရှိပြီး တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ကိုလည်းပေးဝေသွားမည်ဖြစ်သည်။ ရှမ်းပြည်နယ်အတွင်းတွင်လည်း နိုင်ငံရေးသမားများ၊ ပါတီများ၊ အရပ်ဖက်လူ့အဖွဲ့အစည်းများအတွက် ပေးဝေခြင်းဖြစ်သည်။ အရပ်ဖက်လူမှုအဖွဲ့အစည်းတစ်ခုဖြစ် သည့် မျိုးဆက်သစ်(ရှမ်းပြည်)မှ ကိုမိုးက "ဒီမိုကရေစီ အခြေခံအကြောင်းတရားတွေကို အခြေခံထားပြီး ရေးတဲ့ စာအုပ်ဆိုတော့ ကောင်းပါတယ်၊ သည်ထက်ပိုပြီးတော့လည်း ဖြန့်နိုင်ရင် ပိုကောင်းမှာပါ၊ ဒီမိုကရေစီ ကျင့်စဉ်တွေ သဘောတရားတွေကို လူတိုင်းသိလာပြီး အသွင်ကူးပြောင်းရေးကာလမှာ အထောက်အကူ
ဖြစ်စေမယ်လို့ ကျွန်တော်မြင်ပါတယ်" ဟု ဆိုသည်။

စာအုပ်ရေးသားသူ ဆလိုင်းကစ်ပ်ခိုလျန်သည် လက်ရှိ ဂျာမနီနိုင်ငံတွင် နေထိုင်လျက်ရှိပြီး ဒီမိုကရေစီနှင့် ပတ်သက်၍ ဂျာမနီ၊ အိန္ဒိယ၊ အမေရိကန်နိုင်ငံတို့မှ ဒီမိုကရေစီ သဘောတရားများကို အခြေခံပြီး
မြန်မာနိုင်ငံအတွက် အသင့်လျော်ဆုံးဖြစ်အောင် ရေးသားထားသည်ဟု သိရသည်။

Mizzima

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here