Thursday, June 13, 2013

ဖက်ဒရယ် ပြည်ထောင်စုပါတီ တည်ထောင်ရန် ညီနောင်တိုင်းရင်းသား ပါတီများ ဖက်ဒရေးရှင်းပါတီ ၁၅ ခု သဘောတူ

0 comments

ဇွန်လ ၁၃ ရက်

ဖက်ဒရယ် ပြည်ထောင်စုပါတီ တည်ထောင်ရန် ညီနောင်တိုင်းရင်းသား ပါတီများ ဖက်ဒရေးရှင်းပါတီ ၁၅ ခုက ဇွန် ၁၁ ရက်တွင် သဘောတူညီခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါပါတီ ထူထောင်ရန်အတွက် ဇွန် ၁၂ ရက်တွင် အပြီးအပြတ် ဆွေးနွေးမည်ဖြစ်ကြောင်း၊ ဖွဲ့စည်းရခြင်းမှာလည်း တိုင်းရင်းသားများ စုစည်းပြီး ပါတီကြီးတစ်ခု အနေဖြင့် တည်ထောင်လို၍ဖြစ်ကြောင်း သိရသည်။
"ဒီပါတီ တည်ထောင်ပြီးပြီဆိုရင် ပါတီဝင်တွေကိုတော့ မူချပြီး လုပ်ဆောင်မှာပါ။ လက်ရှိ ပါတီတွေကနေ ၀င်ချင်တယ်ဆိုရင် အဲဒီပါတီကနေ နုတ်ထွက်ရမယ်။ ပါတီ လက်ကိုင်မရှိ သူတွေကိုသာ ပါတီဝင်အဖြစ် လက်ခံမှာပါ။ ပီအာစနစ်ကိုတော့ ကျွန်တော်တို့ ညီနောင် ၁၅ ပါတီက လုံးဝ လက်မခံပါဘူး" ဟု ဖလုံစဝေါ် ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးစောသိန်းအောင်က ပြောကြားသည်။

စစ်မှန်သည့် ဖက်ဒရယ် ပြည်ထောင်စုစနစ် ပေါ်ပေါက်ရန် တိုင်းရင်းသားများအားလုံး လိုလားကြောင်း၊ ဖက်ဒရယ် ပြည်ထောင်စုပါတီ တည်ထောင်ရန် ပါတီ ၁၅ ခုလုံးက သဘောတူကြကြောင်း၊ ငြိမ်းချမ်းရေး ရရှိရေးသည် ပထမဖြစ်ကြောင်း၊ ငြိမ်းချမ်းရေး ရရှိရန် တိုင်းရင်းသား ခေါင်းဆောင်များ ပါဝင်ရန် လိုအပ်ကြောင်း၊ ဖက်ဒရယ် ပြည်ထောင်စုပါတီ တည်ထောင်ခြင်းသည် တိုင်းရင်းသားများ စည်းလုံးစွာဖြင့် တစ်နိုင်ငံလုံးတွင် ယှဉ်ပြိုင်ရန်ဖြစ်ကြောင်း ချင်းအမျိုးသားပါတီ ဥက္ကဋ္ဌ ဦးဇိုဇမ်က ပြောကြား . . . . .
စစ်မှန်သည့် ဖက်ဒရယ် ပြည်ထောင်စုစနစ် ပေါ်ပေါက်ရန် တိုင်းရင်းသားများအားလုံး လိုလားကြောင်း၊ ဖက်ဒရယ် ပြည်ထောင်စုပါတီ တည်ထောင်ရန် ပါတီ ၁၅ ခုလုံးက သဘောတူကြကြောင်း၊ ငြိမ်းချမ်းရေး ရရှိရေးသည် ပထမဖြစ်ကြောင်း၊ ငြိမ်းချမ်းရေး ရရှိရန် တိုင်းရင်းသား ခေါင်းဆောင်များ ပါဝင်ရန် လိုအပ်ကြောင်း၊ ဖက်ဒရယ် ပြည်ထောင်စုပါတီ တည်ထောင်ခြင်းသည် တိုင်းရင်းသားများ စည်းလုံးစွာဖြင့် တစ်နိုင်ငံလုံးတွင် ယှဉ်ပြိုင်ရန်ဖြစ်ကြောင်း ချင်းအမျိုးသားပါတီ ဥက္ကဋ္ဌ ဦးဇိုဇမ်က ပြောကြားသည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ အထွေထွေ အတွင်းရေးမှူး ဦးစိုင်းလှကျော်ကလည်း "ဒီလို ဖက်ဒရယ် ပြည်ထောင်စုပါတီ ဖွဲ့စည်းရခြင်းကတော့ ကျန်တဲ့ပါတီတွေက ကျွန်တော်တို့ ပြည်နယ်မှာ လာပြိုင်မှာ ဖြစ်သလို ကျွန်တော်တို့ကလည်း ပြည်မတိုင်း ခုနစ်တိုင်းမှာ သွားပြိုင်မယ်။ အဲဒီ ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းသွားမှာပါ" ဟု ပြောကြားသည်။

ညီနောင် တိုင်းရင်းသား ပါတီများ ဖက်ဒရေးရှင်းတွင် ချင်းအမျိုးသား ပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ် ပါတီ၊ ကယန်းအမျိုးသား ပါတီ၊ အင်းအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီ၊ တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေး ပါတီ၊ အရှိုချင်း အမျိုးသားပါတီ၊ ဓနုတိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီ ပါတီ၊ ပအို့ဝ်အမျိုးသား အဖွဲ့ချုပ် ပါတီ၊ တအောင်း (ပလောင်) အမျိုးသားပါတီတို့ ပါဝင်ကြောင်း သိရသည်။

EMG

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here