Tuesday, June 18, 2013

အာဖဂန်သမ္မတ၏တပ်များ လုံခြုံရေးကို လွှဲပြောင်းယူဆဲ ဗုံးကွဲမှုဖြစ်ပွား

0 comments

ဇွန်လ ၁၈ ရက်

အာဖဂန်သမ္မတ ဟာမစ်ကာဇိုင်းက ၎င်း၏တပ်များသည် နိုင်ငံတဝှမ်း လုံခြုံရေး ဦးစီးဆောင်ရွက်ရာတွင် အမေရိကန် ဦးဆောင်သည့် နေတိုး ညွှန့်ပေါင်းတပ်ဖွဲ့မှ လက်လွှဲယူနေပြီဖြစ်ကြောင်း ပြောကြားပြီး ကဘူးလ်မြို့အနီးတွင် အသေခံ ဗုံးခွဲမှုတစ်ခု ယနေ့ဖြစ်ပွားသည်။

ယနေ့ တာဝန်လွှဲပြောင်းယူမှုသည် ၁၂ နှစ်နီးပါးကြာရှည်သောစစ်ပွဲအတွင်း ထင်ရှားသည့် သမိုင်းမှတ်တိုင် တစ်ခုဖြစ်ပြီး အကူအညီပေးသည့် အခန်းကဏ္ဍတွင်သာရှိတော့မည့် အမေရိကန်နှင့် နေတိုးတပ်ဖွဲ့ဝင်များအ တွက်လည်း အလှည့် အပြောင်းတစ်ခု ဖြစ်နေသည်။ ၁၈လအတွင်း ၎င်းတပ်များ လုံးဝရုတ်သိမ်းမည့် လမ်းကို လည်း ဖွင့်ဟလိုက်ခြင်း ဖြစ်သည်။

လွှဲပြောင်းမှုကို ကဘူးလ်ဝန်းကျင်ရှိ အာဖဂန်နိုင်ငံရေးသမားတစ်ဦးအား ဗုံးခွဲတိုက်ခိုက်မှုဖြင့် ဖျက်ဆီး လိုက်ပြီး ဗုံးကွဲမှု ကြောင့် အရပ်သားသုံးဦး သေဆုံးခဲ့သည်။

နိုင်ငံတကာစစ်ရေးညွှန့်ပေါင်းအဖွဲ့က တာလီဘန်ထကြွမှုအတွက် တိုက်ခိုက်ရေးတာဝန်များကို အမျိုးသား တပ်မတော်နှင့် ရဲတပ်ဖွဲ့အား လွှဲ ပြောင်းပေးအပ်စဉ် အာဖဂန်မြို့တော်တွင် အင်္ဂါနေ့က ဗုံးတစ်လုံးကွဲခဲ့ပြီး လူသုံးဦးသေဆုံးခဲ့သည်။ ကဘူးဒုရဲမှူးကြီး မိုဟာမက်ဒါအော့အာမင်က ဗုံးကွဲသည့်နေရာသည် မြို့တော် အနောက်ဘက်ခြမ်းတွင်ဖြစ်ပြီး နေတိုး အကြီးအကဲ အန်ဒါးစ် ဖော့ရက်စ်မူဆန်နှင့် အာဖဂန်သမ္မတတို့ တက်ရောက်သည့် တာဝန်လွှဲပြောင်းပွဲနှင့် မိုင်အနည်း ငယ်သာ ကွာဝေးကြောင်း ဆိုသည်။

ဗုံးခွဲတိုက်ခိုက်မှု၏ပစ်မှတ်သည် ကက်ဘိနက်အဖွဲ့ဝင်ဟောင်း ထင်ရှားသော ဟာဇာရာ ဥပဒေပြုသူ တစ် ဦးဖြစ်သည့် မိုဟာမက်မိုဟာကီ၏ အစောင့်အရှောက်တပ်ဖြစ်ကြောင်း ရဲအရာရှိတစ်ဦးက ပြောကြားပြီး ဗုံးကွဲပြီးနောက် လမ်းပေါ်တွင် လူသေအလောင်းနှစ်လောင်းရှိပြီး ရဲကားတစ်စီး ဗုံးဒဏ်ကြောင့် ပျက်စီး သွားကြောင်း ဆက်လက်ပြောကြားသည်။

အာဖဂန်ပါလီမန်အဖွဲ့ဝင်တစ်ဦးအဆိုအရ မိုဟာကီအသက်ဘေးမှ လွတ်ခဲ့ကြောင်းသိရသည်။ ကဘူးလ်ရာ
ဇ ဝတ်မှုစုံစမ်း စစ်ဆေးရေးဌာန အကြီးအကဲ ဗိုလ်ချုပ်ကြီး မိုဟာမက် ဇာဟာက သက်တော်စောင့် ခြောက် ဦးအပါအဝင် လူသုံးဦး သေဆုံးကာ လူသုံးဆယ်ဒဏ်ရာရရှိကြောင်း ပြောကြားသည်။

တာလီဘန်ထကြွမှုသည် ပြင်းထန်သည့် အကြမ်းဖက်မှုများဖြင့် ဖိအားပေးနေသည်မှာ ယနေ့လုံခြုံရေး တာဝန်လွှဲပြောင်း ပေးသည့် အချိန်အထိ ဆက်လက်ဖြစ်နေမြဲဖြစ်သည်။

တာဝန်လွှဲပြောင်းမှုသည် ၁၂ နှစ်တာစစ်ပွဲတွင် အဓိကက ပြောင်းလဲမှုမှတ်တိုင်တစ်ခုဖြစ်ပြီး ညွန့်ပေါင်းအဖွဲ့ ကလည်း အာဖဂန်လုံခြုံရေး တပ် အား နှစ်များစွာ သင်တန်းပေးထားပြီး ယခုအခါ တာလီဘန်ဆန့်ကျင် တိုက်ခိုက်မှုတွင် ဦးဆောင် နိုင်သည့်အခြေအနေတွင် ရှိနေပြီဖြစ်သည်။

ဲမြန်မာ့ခေတ်

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here